Connect with us

Hi, what are you looking for?

News

မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်​ရေးတွင်​ဒေါ်လာအစား ရူပီး​ငွေကိုသုံးစွဲရန်စကစ စီစဥ်

“ဒီလို ကိစ္စမျိုးဆိုတာ နှစ်နိုင်ငံလုံး စီးပွားရေးတန်းတူအားကောင်းနေမှအဆင်ပြေမှာ။ အခုလို ပြည်တွင်းစီးပွားရေးထိုးကျနေချိန်မှာ လုပ်တာက ငွေကြေးလွှမ်းမိုးမူတွေဖြစ်လာနိုင်တယ်။ နိုင်ငံရှေ့ရေးအတွက် အန္တရာယ်ရှိတယ်”ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်​ရေးတွင်အိန္ဒိယနိုင်ငံသုံး ရူပီးငွေကို တိုက်ရိုက်အသုံးပြုရန် စီစဉ်နေကြောင်းအကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီး ပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည်နိုင်ငံအတွင်း ဒေါ်လာမလုံလောက်မှုကို လျော့ချရန်အတွက် တရုတ်ယွမ်ငွေနှင့်ထိုင်းဘတ်ငွေတို့ကို ကုန်သွယ်မူတွင် တိုက်ရိုက်အသုံးပြုနိုင်ရန် ခွင့်ပြုပေးပြီးနောက် တတိယ​မြောက်နိုင်ငံခြားငွေကြေးဖြစ်သည့် ရူပီးငွေဖြင့်ပါကုန်သွယ်​ရေးတွင်အသုံးပြုမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ခြင်းက နိုင်ငံအတွင်း ဒေါ်လာသုံးဆွဲမှု၇၀ ရာခိုင်နှုန်းလျော့ကျသွားရန်အတွက်ဖြစ်သည်ဟု စစ်ကောင်စီကဝါဒဖြန့်ထားသည်။ ထိုအစီအစဉ်များသည် နိုင်ငံအတွင်း ငွေသားပြတ်လပ်မှုနှင့် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှုကို လျှော့ချစေရန်အတွက်ဖြစ်သည်ဟု ဆိုသည်။

“ဒီလို ကိစ္စမျိုးဆိုတာ နှစ်နိုင်ငံလုံး စီးပွားရေးတန်းတူအားကောင်းနေမှအဆင်ပြေမှာ။ အခုလို ပြည်တွင်းစီးပွားရေးထိုးကျနေချိန်မှာ လုပ်တာက ငွေကြေးလွှမ်းမိုးမူတွေဖြစ်လာနိုင်တယ်။ နိုင်ငံရှေ့ရေးအတွက် အန္တရာယ်ရှိတယ်”ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်​ရေးတွင် စစ်တွေ၊ တမူးနှင့် ရိဒ် နယ်စပ်ကုန်သွယ်ရေးစခန်းများရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ် ကုန်သွယ်မူ ဒေါ်လာ သန်း ၈၀၀ကျော်ရှိခဲ့သည်။ စစ်အုပ်စုက အာဏာသိမ်းပြီး​နောက်ပိုင်းကျန်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်​ရေး​လျော့ကျသကဲ့သို့ပင်အန္ဒီယနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်​ရေးမှာလည်း​လျော့ကျခဲ့သည်။

လက်ရှိ နယ်စပ် ကုန်သွယ်ရေးတွင် တိုက်ရိုက်ကုန်သွယ်မူတွင် ရူပီးငွေဖြင့် ပေးချေမှုများရှိသော်လည်း ဘဏ်ပေးချေမှုတွင် အမေရိကန်ဒေါ်လာကိုသာအဓိက ကြားခံအဖြစ်အသုံးပြုနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Facebook