Connect with us

Hi, what are you looking for?

News

သံတောင်ကြီးထဲက ရွာတစ်ရွာမှာ အရပ်သားတစ်ဦးကို စစ်တပ်က ပစ်သတ်

မတ်လ ၉ ရက်ကလည်း ဗိုလ်မှူးဟိန်းစံထွန်းဦးဆောင်တဲ့ ခလရ(၆၀၄)တပ်ရင်းက အင်အာ ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာအတွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့သလို ထာပူခီးနဲ့ သောက်ရေခပ်ကျေးရွာကြားထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတာပါ။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ သံတောင်ကြီးမြို့နယ်အတွင်းမှာ KNLA တပ်မဟာ ၂ နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်တပ်က ဒေသခံတစ်ဦးကိုပစ်သတ်ခဲ့ပြီး နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်မနက်ပိုင်းက ရှေ့တန်းကိုရိက္ခာပိုဆောင်ပြီးပြန်လာတဲ့ စစ်ကောင်စီကားတွေဟာ ကေအဲန်ယူ တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် ကစောပလိုအောက်ရွာအနီးရောက်ရှိစဉ် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲ့ဒီလိုတိုက်ခံခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ် (၆၀၄)တပ်ရင်းဟာ ရွာထဲကိုဝင်လာပြီး အိမ်ဆိုင်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်လို့ KHRG က ဆိုပါတယ်။

မတ်လ ၉ ရက်ကလည်း ဗိုလ်မှူးဟိန်းစံထွန်းဦးဆောင်တဲ့ ခလရ(၆၀၄)တပ်ရင်းက အင်အာ ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ သံတောင်ကြီးမြို့နယ် သောက်ရေခပ်ကျေးရွာအတွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့သလို ထာပူခီးနဲ့ သောက်ရေခပ်ကျေးရွာကြားထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတာပါ။

အဲ့ဒီနေ့ ညနေ ၇ နာရီခွဲအချိန်မှာလည်း ခလရ(၆၀၄) တပ်သားတွေဟာ ကေအဲန်ယူမိသားစုဝင်လို့ယူဆရတဲ့ ရွာသားတစ်ဦးရဲ့နေအိမ်ကိုဝင်ရောက်ပြီး ရိတ်သိမ်းထားတဲ့ နနွင်းတွေနဲ့ အဝတ်အစား အိုးခွက်ပန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကေအဲန်ယူကဆောက်လုပ်ထားတဲ့ Covid-19 ရောဂါစစ်ဆေးရေးဂိတ်တစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မတ်လ ၁၀ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သောက်ရေခပ်ကျေးရွာသားတွေကို မနက် ၁၀ နာရီမထိုးခင် ရွာအတွင်းကနေ ထွက်ခွာသွားဖို့ အမိန့်ပေးပြီး သောက်ရေခပ်ရွာရဲ့ ရပ်ကွက်(၃)အတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခဲ့သေးတာဖြစ်ပါတယ်။

Public Service Announcement

ဒီလို စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် သောက်ရေခပ်ရွာသားတွေဟာ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို တတ်နိုင်သလောက်သယ်ယူခဲ့ပြီး ရွာထဲကနေ ထွက်ပြေးခဲ့ကြရတယ်လို့ KHRG ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

“ခမရ(၆၀၄)ပေါ့ ဗိုလ်မှူးဟိန်းစံထွန်းဦးဆောင်တဲ့ တပ်ဖွဲ့ပေါ့လေ။ အဲ့ဒီမှာ သူတို့က မတ် ၈ ၉ ၁၀ ရက်အတွင်းမှာ သူတို့က စစ်ရေးလှုပ်ရှားမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာရှိတယ်။ သူတို့ကအဲ့ဒီမှာရှိတဲ့ KNLA နဲ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဒေသခံရွာသားတွေရဲ့ အိမ်ခြံတွေကို မီးရှို့ဖျက်ဆီးတာရှိတယ်။ ရွာသားတစ်ဦးကိုပါ သတ်ဖြတ်လိုက်တယ် “လို့ KHRG က ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ တောင်ငူခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ခြိမ်းခြောက်မှုနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေဟာ ခန့်မှန်းခြေ ၁၀၀၀ ဝန်းကျင်အထိရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။