Connect with us

Hi, what are you looking for?

News

မိုင်းကိုင် တအာင်းပါတီဥက္ကဋ္ဌနှင့် မိသားစုအား ရက်စက်စွာ သတ်ဖြတ်မှုအပေါ် ပါတီအဖွဲ့အစည်းများစွာ ပြင်းထန်စွာရှုတ်ချ

မိုင်းနုမ်ဟန်နှင့် ၎င်း၏မိသားစုသည် မိခင်ဖြစ်သူ၏ နာရေးသို့ သွားရောက်ပြီးအပြန် ဇန်နဝါရီ ၁၀ရက်တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာ အုပ်စုရှိ RCSS တပ်ဖွဲ့ရှိရာ ဂိတ်ကို ဖြတ်သန်းစဉ်ပျောက်ဆုံးသွားခြင်းဖြစ် သည်။

▪️RCSSက သတ်ဖြတ်ခဲ့သည်ဟု သက်သေများရရှိထားဟု တအာင်းအသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုထား

မိုင်းကိုင်မြို့နယ် တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌမိုင်းနုမ်ဟန် နှင့် ဇနီးနှင့် (၇)လ အရွယ်သမီးငယ်တို့အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)၏ လုပ်ရပ် သည် အင်မတန်ရွံရှာဖွယ် ရာဇဝတ်မှု ဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း အဖွဲ့အစည်း ၇၀ကျော်က စုပေါင်းထုတ်ပြန်သည်။

ထို့ပြင် ၀အမျိုးသားပါတီနှင့် တအာင်း အဖွဲ့အစည်းအသီးသီးကလည်း မိုင်းနုမ်ဟန်နှင့် မိသားစု အကြမ်းဖက်သတ်ဖြတ်ခံရမှု အပေါ်ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ် ပြုမူဆောင်ရွက်သူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။

ရှမ်းပြည်နယ် ကျောင်းသားသမဂ္ဂများကွန်ရက်ကလည်းမိုင်းနုမ်ဟန်နှင့်မိသားစု သတ်ဖြတ်ခံရခြင်းအပေါ် ကန့်ကွက်ရှုတ်ချထားပြီး လူ့အခွင့်အရေးဖျောက်ဖျက်ကျူးလွန် ခံရသူများတရားမျှတမှုရရှိရေးနှင့် အဖိနှိပ်ခံလူမျိုးများလွတ်မြောက်ရေးအတွက် ကျရာကဏ္ဍမှ ပူပေါင်းပါဝင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မိုင်းနုမ်ဟန်နှင့် ၎င်း၏မိသားစုသည် မိခင်ဖြစ်သူ၏ နာရေးသို့ သွားရောက်ပြီးအပြန် ဇန်နဝါရီ ၁၀ရက်တွင် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာ အုပ်စုရှိ RCSS တပ်ဖွဲ့ရှိရာ ဂိတ်ကို ဖြတ်သန်းစဉ်ပျောက်ဆုံးသွားခြင်းဖြစ် သည်။

ယင်းနှင့်ပတ်သက်ပြီး တအာင်းအသိုင်းအဝိုင်းက လိုက်လံစုံစမ်းရှာဖွေရာ RCSS တပ်ဖွဲ့က ဖမ်းထားသည့် သက်သော အထောက်အထားများ နှင့်အတူ မတ်လ ဒုတိယပတ်တွင်အ မိုင်းနုမ်ဟန်နှင့်မိသားစု ၏ အလောင်းများကိုတွေ့ရှိခဲ့သည်ဟု တအာင်းဒေသခံက ပြောသည်။

ယင်းသက်သေများအနက် RCSS တပ်မှ ထွက်ပြေးလာသည့် တအာင်းလူမျိုးတပ်ဖွဲ့ဝင်တစ်ဦးက မိုင်းနုမ်ဟန်နှင့်မိသားစုကို တွေ့ရှိခဲ့သည့် အခြေအနေ၊ မိုင်းနုမ်ဟန် နှင့်မိသားစု အလောင်းတွေ့ရှိရာ နေရာသို့ RCSS တပ်များ ဖြတ်သွားစဉ် ကလေးငိုသံ နှင့် သေနတ်သံများ ကြားခဲ့ရသည့် ဒေသခံတစ်ဦး၏ ထွက်ဆိုချက်၊ မိုင်းနုမ်ဟန် တုံလောရွာရှိ RCSS တပ်ဂိတ် နှစ်ခုအနက် တစ်ခုကို ဖြတ်သန်းပြီးစဉ် တအာင်းပါတီအဖွဲ့ဝင်များ ထံဆက်သွယ်ခဲ့ပြီးဒုတိယဂိတ်တွင် အဆက်အသွယ်ပြတ်တောက်သွားသည့်အခြေအနေ၊ ထိုသို့ အဆက်အသွယ်ပြတ် သွား၍ တအာင်းဒေသခံများ က မိုင်းနုမ်ဟန်နှင့်မိသားစုကို ရှာဖွေရန်လာရောက်စဉ် RCSS တပ်ကတားမြစ်ခဲ့မှု၊မိုင်းနုမ်ဟန် နှင့်မိသားစုတို့မိခင်၏ နာရေးပြုလုပ်သည့်မတ်ချိနုရွာမှ မပြန်မီ တုံလောကျေးရွာရှိ RCSS တိုက်နယ်မှူးဖြစ်သူ အိုက်မင်း၏ အမျိုးသမီးနန်းအေးမီးက မိုင်းနုန်ဟန်မိသားစု မိုင်းကိုင်သို့ပြန်သွားပြီလားဟုလာရောက်မေးမြန်းမှုစသည့်အဖြစ် သက်သေများရရှိထားသည်ဟု ဆိုသည်။

RCSSကမူ မိုင်းနုမ်ဟန် မိသားစု ဖမ်းဆီးခံရသည့်ကိစ္စ စိစစ်ခဲ့ရာ စွပ်စွဲထားသည့်အတိုင်း လုံး၀မဟုတ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ ဥက္ကဋ္ဌထံ ဇန်နဝါရီ ၂၉ရက်က စာပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။