Connect with us

Hi, what are you looking for?

News

ခင်ဦးနယ်က ​ရွာ​တွေကို စစ်တပ်ဝင်စီးပြီး မီးတင်ရှို့​နေ

ခင်ဦးမြို့နယ်တွင် မတ်လ ဒုတိယပတ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှိူ့ဖျက်ဆီးမှုကြောင့် ကျေးရွာငါးရွာက အိမ်​ခြေ ၁၀၀ကျော်မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၅ ဦးအား သတ်ဖြတ်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

(မုတ်တောကျေးရွာ မီးလောင်ကျွမ်းပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဆက်တိုက်ဝင်ရောက်နေပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ (မတ်လ၁၅ရက်) ညနေ ၃နာရီခန့်က နေအိမ် ၁၀၀ကျော်ရှိသော ခင်ဦးမြို့နယ် တမုတ်ကျေးရွာအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မီးတင်ရှို့ခဲ့ရာတွင် နေအိမ်အများအပြားပျက်စီးခဲ့ပြီး တစ်ရွာလုံး နေအိမ်၁၀လုံးခန့်သာ ကျန်ရှိတော့ကြောင်း ဒေသခံများက ပြောသည်။

(မုတ်တောကျေးရွာ မီးလောင်ကျွမ်းပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ယနေ့(မတ်လ ၁၆ ရက်) နေ့လယ် ၂နာရီခန့်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ် ထနောင်းကိုင်းလေး၊ ကုလားလူး၊ ရှားလွင်စသော ကျေးရွာများတွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့၍ ကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ကုလားလူးရွာ၊ ရှားလွင်ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

(မုတ်တောကျေးရွာ မီးလောင်ကျွမ်းပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“လက်ရှိ နေအပူချိန်ကြောင့်ရယ်၊ တစ်အိမ်ချင်းမီးတင်နေတာတွေကြောင့်ရယ် ရွာလုံးကျွတ်နီးပါးပျက်စီးသွားဖို့ရှိတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားသည်။

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်တွင် မတ်လ ဒုတိယပတ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှိူ့ဖျက်ဆီးမှုကြောင့် ကျေးရွာငါးရွာက အိမ်​ခြေ ၁၀၀ကျော်မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၁၅ ဦးအား သတ်ဖြတ်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook