Connect with us

Hi, what are you looking for?

News

လေးကေကော်မှာ စစ်တပ်က အိမ်တွေဖျက်ဆီးမီးရှို့တဲ့အပြင် ပစ္စည်းတွေပါယူ

“ဖျက်လိုဖျက်ဆီး ရှိတဲ့ပစ္စည်းတွေလည်း အကုန်ယူတယ်။ လေးကေကော်က အိမ်တွေလည်း အခွံတွေပဲကျန်တော့တယ်။ အိမ်ဆိုလည်း ဖျက်ဆီးထားတာ မြင်မကောင်းဘူး။ တန်ဖိုးကြီးတာ အကုန်ယူသွားတယ်”လို့ စစ်ဘေးရှောင်နေရတဲ့ လေးကေကော်ဒေသခံတွေက ပြောကြပါတယ်။

လေးကေကော်မြို့က​ နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတဲ့အပြင် ပစ္စည်းတွေကိုခိုးယူကြတာတွေရှိတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ထုတ်ပြန်ထားပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲမှာရှိတဲ့ လေးကေကော်မြို့သစ်ထဲကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်တွေက စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြီး ဒီကနေ့အချိန်ထိ ဆက်လက်တပ်စွဲနေရာယူထားဆဲဖြစ်ကာ နေအိမ်တွေအချို့ကို မီးရှို့ဖျက်ဆီးတာနဲ့ ပစ္စည်းတွေကို ခိုးယူဆောင်သွားခဲ့တာပါ။

“ဖျက်လိုဖျက်ဆီး ရှိတဲ့ပစ္စည်းတွေလည်း အကုန်ယူတယ်။ လေးကေကော်က အိမ်တွေလည်း အခွံတွေပဲကျန်တော့တယ်။ အိမ်ဆိုလည်း ဖျက်ဆီးထားတာ မြင်မကောင်းဘူး။ တန်ဖိုးကြီးတာ အကုန်ယူသွားတယ်”လို့ စစ်ဘေးရှောင်နေရတဲ့ လေးကေကော်ဒေသခံတွေက ပြောကြပါတယ်။

သုံးလတာကြာမြင့်နေပြီဖြစ်တဲ့ လေးကေကော်တိုက်ပွဲဟာ ဒီကနေ့အချိန်ထိ စစ်ရေးတင်းမာနေဆဲပဲဖြစ်သလို တိုက်ပွဲကြောင့်စစ်ရှောင်နေရတဲ့ လေးကေကော်ဒေသခံပြည်သူတွေဟာ လက်ရှိအချိန် နေရပ်ကိုမပြန်နိုင်သေးပဲ နီးစပ်ရာကျေးရွာတွေနဲ့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးပေါ်မှာ ယာယီခိုလှုံနေထိုင်ရကာ အကူအညီတွေလိုအပ်ချက်ရှိနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အပစ်ရပ်ထားတယ်လို့ ထုတ်ပြန်ကြေငြာထားပေမယ့် ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲကို စစ်ရေးပိုမိုပြုလုပ်နေတဲ့အပြင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကော့ကရိတ်တောင်ပိုင်းဒေသထဲက ကျေးရွာတွေမှာလည်း ဝင်ရောက်တပ်စွဲနေရာယူထားပြီး ရွာတွေထဲက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတဲ့အပြင် ပစ္စည်းတွေကိုခိုးယူသွားတာတွေ ပြုလုပ်ခဲ့သေးတာပါ။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲကနေ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ရုတ်သိမ်းပေးဖို့ တပ်မဟာ ၆ က စစ်ကောင်စီထံစာပေးပို့အကြောင်းကြားပြီးနောက်ပိုင်း လေးကေကော်အပါအဝင် ကြာအင်းဆိပ်ကြီး ကော့ကရိတ်မြို့ပေါ်တွေနဲ့ မြ၀တီ-ကော့ကရိတ်အာရှလမ်းတွေမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာတာတွေ ပိုမိုဖြစ်ပွားလာနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။