Connect with us

Hi, what are you looking for?

News

ပခုက္ကူမြို့နယ်တွင်စစ်တပ်ပိုင်ထုတ်ကုန်များရောင်းဝယ်နေသောဆိုင်များ ၇ ရက်အတွင်းရပ်ဆိုင်းရန်သတိ​ပေး

နယ်ဒေသအသီးသီးတွင် စစ်တပ်ထုတ်ကုန်များအားမရောင်းချရန် ဒေသတွင်း PDFများက သတိပေးလျက်ရှိပြီး နယ်အချို့တွင် စစ်တပ်ထုတ်ကုန်မြန်မာဘီယာရောင်းချနေသော ဘီယာဆိုင်များအား ဗုံးဖောက်သတိပေးခြင်း၊ စစ်တပ်ထုတ်ကုန်များအားသိမ်းဆည်းဖျက်ဆီးခြင်းများပြုလုပ်နေသည်။

(အကြမ်းဖက်စစ်တပ်ပိုင်ထုတ်ကုန်များကိုပြည်သူအများစုကဝယ်ယူမသုံးစွဲဘဲသပိတ်​မှောက်​နေကြသည်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ပခုက္ကူမြို့နယ်တွင်စစ်တပ်ပိုင်ထုတ်ကုန်များရောင်းဝယ်ဖောက်ကားနေသောဆိုင်များအား၇ရက်အတွင်းရပ်ဆိုင်းကြရန် ပခုက္ကူအခြေစိုက် Young Force(UG)က သတိပေးသည်။

ပခုက္ကူအခြေစိုက် Young Force(UG)ကမကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်တပ်ပိုင်ထုတ်ကုန်များ ရောင်းချလျက်ရှိသောဆိုင်ပိုင်ရှင်များအားယမန်နေ့မတ်လ ၁၉ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ်သတိပေးစာထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် ပခုက္ကူမြို့နယ်တွင်း၌ စပ်တပ်ပိုင်ထုတ်ကုန်များအား မရောင်းချရန်၊ နယ်မြေခံအဖွဲ့အစည်းအသီးသီးမှသက်ညှာ၍ သတိပေးတားမြစ်ထားသော်လည်း ဆက်လက်ရောင်းချနေခြင်းများအား တွေ့ရှိနေရကြောင်း၊ Myanmar Beer၊ Mytel(bonus card) အပါအဝင် အခြားဆက်စပ်ပစ္စည်းများ ရောင်းချနေသော ဆိုင်များအား စာရင်းပြုစု၍ တည်နေရာများအတည်ပြုရရှိပြီး ဖြစ်ပြီး ၎င်းပစ္စည်းများအား ဆက်လက်မရောင်းချရန်(၇) ရက် အချိန်ပေးမည်ဖြစ်ကြောင်း၊ တစ်ပတ်ပြည့်မြောက်သည်နှင့်အဖွဲ့ဝင်များမှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီးစစ်တပ်ထုတ်ကုန်များ တွေ့ရှိပါက ဖျက်ဆီးခြင်း၊သိမ်းယူခြင်း အပြင် အခြားနည်းလမ်းများပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရာတွင် ကြည်ဖြူစွာလက်မခံဘဲ အဖွဲ့ဝင်များပေါ်လုပ်ငန်းနှောင့်နှေးစေသော အပြုအမူများ၊စစ်​ကောင်စီထံသို့ သတင်းပေးတိုင်ကြားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်း၊ဖမ်းဆီး၍ နောင်ကျဥ်သည်အထိ အပြစ်ဒဏ်ခံယူစေမည် ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါထုတ်ပြန်ချက်သည် လက်လီရောင်းချနေသောဆိုင်ငယ်များမှ လက္ကားဖြန့်ဖြူးနေသောဆိုင်ကြီးများအထိအကျုံးဝင်သည်ဟု Young Force(UG)ကအသိပေးသည်။

Public Service Announcement

Public Service Announcement

“အပြောနှင့်အလုပ်မညီဘူးထင်ပါက ဆက်လက်ရောင်းချလို့ရပါသည်။ (၇) ရက် ပြည့်ပါက ထိုဆိုင်များအား နမူနာအနေဖြင့် အတုယူနိုင်ရန် ဖောက်ခွဲဖျက်စီးသွားပါမည်။တော်လှန်ရေးမှာလူရင်း၊လူဖျားတွေမရှိပါ။တပ်ပိုင်ပစ္စည်းများရောင်းချပြီးလာရောက်ထောက်ပံ့သောအကူညီများကိုလည်းကျွန်
တော်တို့ အနေဖြင့် (လုံးဝ) လက်ခံမည်မဟုတ်ပါ။”ဟုYoung Force(UG)၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နယ်ဒေသအသီးသီးတွင် စစ်တပ်ထုတ်ကုန်များအားမရောင်းချရန် ဒေသတွင်း PDFများက သတိပေးလျက်ရှိပြီး နယ်အချို့တွင် စစ်တပ်ထုတ်ကုန်မြန်မာဘီယာရောင်းချနေသော ဘီယာဆိုင်များအား ဗုံးဖောက်သတိပေးခြင်း၊ စစ်တပ်ထုတ်ကုန်များအားသိမ်းဆည်းဖျက်ဆီးခြင်းများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်