Connect with us

Hi, what are you looking for?

News

မုန်တိုင်းဖြစ်နိုင်​ခြေ လမ်း​ကြောင်း ၂ ခုလုံးမှာ မြန်မာသို့ဦး​တည်​​နေ

မူလခန့်မှန်းလမ်းကြောင်း အတိုင်း ရွေ့လျားမည်ဆိုပါကလည်း မော်တင်စွန်း ထိပ်ကို ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေသည် ၅ပေမှ ၆ပေခန့်အထိ မြင့်တက် နိုင်ပါသည်။ အလားတူ ရခိုင်ကမ်းရိုးတန်းအတွက် မတ်လ၂၃ရက်၊ကမ်းဖြတ်ချိန် တွင် မုန်တိုင်းဒီရေ ၅ပေခန့် မြင့်တက်နိုင်ပါကြောင်းသတိပေးအပ်ပါသည်ဟု​ဖော်ပြထားသည်။

ဘဂ်လားပင်လယ်​အော်တွင်ဖြစ်​ပေါ်​နေ​သောအပူပိုင်းမုန်တိုင်းငယ်သည်မူလတွက်ချက်ထား​သောလမ်းကြောင်းအတိုင်းရွေ့လျားပါကမတ် ၂၁ရက်ညနေမှစ၍မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင် တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင်၄၀ခန့် တိုက်ခတ်နိုင်​ကြောင်း အမျိုး
သားညီညွတ်​ရေးအစိုးရ(NUG) ၊လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူလခန့်မှန်းထား​သောလမ်း​ကြောင်းအတိုင်းတိုက်ခတ်ပါကမုန်တိုင်းငယ်အရှိန် ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့တွင် နေရာအနှံ့ မိုးထစ်ချုန်း ရွာနိုင်ပြီး အချို့ နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်​ကြောင်းလည်းသတိ့​ပေးထားသည်။ထို့အပြင်ကမ်းရိုးတန်းဒေသများတွင်မုန်
တိုင်း ဒီရေသည် ၆ ပေမှ ၇ ပေခန့်အထိမြင့်တက်နိုင်​​ကြောင်းလည်းတွက်ချက်ခန့်မှန်းထားသည်။

သို့​သော် မတ်လ၂၂ရက်တွင် မူလလမ်းကြောင်းမှသွေဖီ၍ လမ်းကြောင်း ပြောင်းလဲ နိုင်သည့် အခြေအနေလည်းရှိလာနိုင်ပြီး ထိုသို့​ပြောင်းလဲပါကမြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည် ဖြတ်ကျော်နိုင်ခြေရှိသဖြင့် ဒေသခံများ သထိထားသင့်​ကြောင်းသတိ​ပေးထားသည်။ထိုသို့မဟုတ်ပါက ဆိုင်ကလုန်း မုန်တိုင်းအဆင့် သို့အား​ကောင်းရောက်ရှိလာနိုင်​ကြောင်းလည်း ခန့်မှန်းထားသည်။

မူလခန့်မှန်းလမ်းကြောင်း အတိုင်း ရွေ့လျားမည်ဆိုပါကလည်း မော်တင်စွန်း ထိပ်ကို ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေသည် ၅ပေမှ ၆ပေခန့်အထိ မြင့်တက် နိုင်ပါသည်။ အလားတူ ရခိုင်ကမ်းရိုးတန်းအတွက် မတ်လ၂၃ရက်၊ကမ်းဖြတ်ချိန် တွင် မုန်တိုင်းဒီရေ ၅ပေခန့် မြင့်တက်နိုင်ပါကြောင်းသတိပေးအပ်ပါသည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၀ တွင် ​လေဖိအားနည်းရပ်ဝန်းမှ အပူပိုင်းမုန်းတိုင်းငယ်အဖြစ်အား​ကောင်းလာ​သော မုန်တိုင်းသည် ၂၄ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းအထိ့အား​ကောင်းလာနိုင်​ကြောင်းထိုင်းမိုးလေဝသဌာန (IMD)ကယ​နေ့မွန်းလွှဲပိုင်းတွင်တွက်ချက်ထားသည်။ ဆိုင်ကလုန်းမုန်တိုင်အဖြစ်အား​ကောင်းလာပါက ဘဂ်လားပင်လယ်​အော်တွင် ယခုနှစ်၌ပထမဆုံးဖြစ်လာမည့် မုန်တိုင်းအမည်ကို Asani ဟုအမည်ကြိုတင်​ပေးထားသည်။ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အား​ကောင်းလာပါက မုန်တိုင်းဖြတ်သန်းတိုက်ခိုက်မည်​ဒေသများအတွက် ​လေပြင်းတိုက်ခတ်ခြင်း ၊မိုးသည်းထန်စွာရွာသွန်းခြင်း ၊ကမ်းရိုးတန်း​ဒေသများတွင် မုန်တိုင်းဒီ​ရေ အမြင့်​ပေ ပိုများပြီး အန္တရာယ်ပိုကြီးမားလာမည်ဖြစ်သည်။ အိန္ဒိယက မုန်တိုင်းရှိ​နေစဥ် ပင်လယ်ပြင်တွင် ငါးဖမ်းခြင်းအပါအဝင်​ရေယာဥ်အားလုံးကိုသတိ​ပေးထားသည်ကို​တွေ့ရသည်။

မုန်တိုင်းငယ်အဖြစ် အား​ကောင်းလာစဥ် ယ​နေ့ ဧရာဝတီမြစ်ဝကျွန်း​ပေါ်​ဒေသနှင့် မြန်မာနိုင်ငံ​အောက်ပိုင်း​ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းလာသည်ကရင်ပြည်နယ် ​
လေး​ကေ့​ကော်ရှိ စစ်​ဘေးဒုက္ခသည်စခန်းအချို့တွင်မိုးသည်ထန်စွာရွာသွန်းပြီး ​လေးပြင်းတိုက်ခတ်၍ ဒုက္ခသည်စခန်းမှရွက်ဖျင်တဲများပျက်စီးခဲ့သည်။ နိုင်ငံတစ်ဝန် အာဏာသိမ်းအကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်စစ်ဆင်နွှဲ​နေသဖြင့်စစ်​ရှောင် ဒုက္ခသည်များနိုင်ငံ​နေရာအများစုတွင်ရှိ​​နေရာမုန်တိုင်းတိုက်ခတ်ဖြတ်သန်းပါက စစ်​ဘေး​ရှောင်များသဘာဝ​ဘေးအန္တရာယ်ကြုံရမည်ကို ပြည်သူများစိုးရိမ်ပူပန်​နေကြသည်။မုန်တိုင်းဖြတ်သန်းတိုက်ခိုက်ခဲ့လျှင်ပင် ပင်လယ်ပြင်တွင်မကြာဘဲ အရှိန်မယူဘဲမုန်တိုင်းငယ်အဖြစ်ကုန်းတွင်းဝင်​ရောက်လျှင် မုန်တိုင်းဒဏ်​လျော့ပါးမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

သတင်း

မြန်မာနဲ့ ပတ်သက်လို့ ကြီးမားတဲ့ မူဝါဒ အပြောင်းအလဲအနေနဲ့ အမေရိကန် အစိုးရဟာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လာကြောင်း ရိုက်တာသတင်းဌာနရဲ့အထူးသတင်း​ပေးပို့ချက်က​ဖော်ပြလိုက်ပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

Facebook