Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် လျစ်လျူရှုမှုနှင့် ကုလကျဆုံးမှုများ ရှက်ဖွယ်ကောင်းဟု SAC-M ဝေဖန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်အတူ မြန်မာပြည်သူများ၊ မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် စစ်တပ်ရက်စက်ကြမ်းတမ်းသောတိုက်ခိုက်မှုများကို ဆက်လက်ခုခံနေပြီး ကြီးမားသောပေးဆပ်မှုများဖြင့် ၎င်းတို့၏ ဒီမိုကရေစီကို ကာကွယ်နေဆဲဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လျစ်လျူရှုမှုနှင့် အတိတ်က ကုလသမဂ္ဂ၏ ကျရှုံးမှုများမှာ ရှက်ဖွယ်ကောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က ယမန်နေ့တွင် ထုတ်ပြန်သည်။

“အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက လက်ရှိမြန်မာ့အကျပ်အတည်းရဲ့ ကျယ်ပြန့်မှု၊ လေးနက်မှုတွေကို အရှက်ကင်းမဲ့စွာ လျစ်လျူရှုထားပါတယ်။ မြန်မာနိုင်ငံအတွင်းအခြေအနေတွေကို ကုလသမဂ္ဂက ဘယ်လိုလက်တွေ့တုံ့ပြန်မယ်ဆိုတာကို ဘာသတင်းအချက်မှ မပေးစွမ်း ပါဘူး” ဟု SAC-M အဖွဲ့ဝင် မစ္စစ်ရန်ဟီးလီက ပြောသည်။

ကုလအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ကုလ သမဂ္ဂစနစ်ပြောင်းလဲရေးဗဟိုချက်အဖြစ် ကုလသမဂ္ဂဌာနညှိနှိုင်းရေးမှူးများ၏ ပြန်လည်သွေးသစ်လောင်းရေးအခန်းကဏ္ဍကို မီးမောင်းထိုးပြထားသော်လည်း မြန်မာနိုင်ငံ၌ လေးနှစ်ကျော် ထပ်တိုးကာလများ၌ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်မရှိသည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါရာထူးလစ်လပ်နေသည်မှာ ၆ လကျော်ရှိနေပြီဖြစ်သည်။

ထို့အတွက် အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာသည် နိုင်ငံအမျိုးမျိုး၌ ကုလသမဂ္ဂ၏လုပ် ဆောင်မှုများကို ကြော်ငြာနေခြင်းမျှသာဖြစ်ပြီး မြန်မာနိုင်ငံတွင် လူမဆန်သော အာဏာသိမ်းမှု အကြောင်းဖြစ်ပွားနေသည်ကို မပါရှိကြောင်း SAC-Mက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်အတူ မြန်မာပြည်သူများ၊ မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် စစ်တပ်ရက်စက်ကြမ်းတမ်းသောတိုက်ခိုက်မှုများကို ဆက်လက်ခုခံနေပြီး ကြီးမားသောပေးဆပ်မှုများဖြင့် ၎င်းတို့၏ ဒီမိုကရေစီကို ကာကွယ်နေဆဲဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြား​ရေးဝန်ကြီးများ ​ဆွေး​နွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်လာနိုင်ကြောင်း Thai PBS သတင်းဌာနက​ဖော်ပြပါတယ်။