Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အရေး ကုလအတွင်းရေးမှူးချုပ် လျစ်လျူရှုမှုနှင့် ကုလကျဆုံးမှုများ ရှက်ဖွယ်ကောင်းဟု SAC-M ဝေဖန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်အတူ မြန်မာပြည်သူများ၊ မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် စစ်တပ်ရက်စက်ကြမ်းတမ်းသောတိုက်ခိုက်မှုများကို ဆက်လက်ခုခံနေပြီး ကြီးမားသောပေးဆပ်မှုများဖြင့် ၎င်းတို့၏ ဒီမိုကရေစီကို ကာကွယ်နေဆဲဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

မြန်မာ့အရေးအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ လျစ်လျူရှုမှုနှင့် အတိတ်က ကုလသမဂ္ဂ၏ ကျရှုံးမှုများမှာ ရှက်ဖွယ်ကောင်းကြောင်း မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က ယမန်နေ့တွင် ထုတ်ပြန်သည်။

“အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက လက်ရှိမြန်မာ့အကျပ်အတည်းရဲ့ ကျယ်ပြန့်မှု၊ လေးနက်မှုတွေကို အရှက်ကင်းမဲ့စွာ လျစ်လျူရှုထားပါတယ်။ မြန်မာနိုင်ငံအတွင်းအခြေအနေတွေကို ကုလသမဂ္ဂက ဘယ်လိုလက်တွေ့တုံ့ပြန်မယ်ဆိုတာကို ဘာသတင်းအချက်မှ မပေးစွမ်း ပါဘူး” ဟု SAC-M အဖွဲ့ဝင် မစ္စစ်ရန်ဟီးလီက ပြောသည်။

ကုလအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ကုလ သမဂ္ဂစနစ်ပြောင်းလဲရေးဗဟိုချက်အဖြစ် ကုလသမဂ္ဂဌာနညှိနှိုင်းရေးမှူးများ၏ ပြန်လည်သွေးသစ်လောင်းရေးအခန်းကဏ္ဍကို မီးမောင်းထိုးပြထားသော်လည်း မြန်မာနိုင်ငံ၌ လေးနှစ်ကျော် ထပ်တိုးကာလများ၌ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်မရှိသည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အဆိုပါရာထူးလစ်လပ်နေသည်မှာ ၆ လကျော်ရှိနေပြီဖြစ်သည်။

ထို့အတွက် အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာသည် နိုင်ငံအမျိုးမျိုး၌ ကုလသမဂ္ဂ၏လုပ် ဆောင်မှုများကို ကြော်ငြာနေခြင်းမျှသာဖြစ်ပြီး မြန်မာနိုင်ငံတွင် လူမဆန်သော အာဏာသိမ်းမှု အကြောင်းဖြစ်ပွားနေသည်ကို မပါရှိကြောင်း SAC-Mက ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့်အတူ မြန်မာပြည်သူများ၊ မဟာမိတ် ဒီမိုကရေစီအင်အားစုများသည် စစ်တပ်ရက်စက်ကြမ်းတမ်းသောတိုက်ခိုက်မှုများကို ဆက်လက်ခုခံနေပြီး ကြီးမားသောပေးဆပ်မှုများဖြင့် ၎င်းတို့၏ ဒီမိုကရေစီကို ကာကွယ်နေဆဲဖြစ်ကြောင်း SAC-M က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဌ အဖြစ်တာဝန်ယူထားချိန်မှာ မြန်မာ့ပြသာနာ​ဖြေရှင်းနိုင်ဖို့အတွက် ​တော်လှန်​ရေးအင်အားစု​တွေ ၊ စစ်​ကောင်စီ အပါအဝင် အလွာမျိုစုံကသက်ဆိုင်သူ​တွေနဲ့အကြိမ်​ပေါင်း ၁၈၀ ​ကျော် ​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ ဆိုပါတယ်။