Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် ဂျီနိုဆိုက်ကျူးလွန်ကြောင်း အမေရိကန်၏သတ်မှတ်မှု NUG ကြိုဆို

မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းက တရားမဝင်စစ်အာဏာသိမ်းမှုကိုဖြစ်ပေါ်စေကာ နိုင်ငံတဝန်း ရာဇဝတ်မှုများကို ဦးတည်စေကြောင်း NUG က ပြောသည်။

(မြန်မာစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများ​ကြောင့် ဘဂ်လား​ဒေ့ရှ်နိုင်ငံသို့ ထွက်​ပြေး​နေ​သော ရိုဟင်ဂျာများကို ၂၀၁၇က ​တွေ့ရစဥ်၊ ဓာတ်ပုံ - ရိုက်တာ)

▪️မြန်မာ့အရေးကို ICC သို့လွှဲပြောင်းနိုင်ရေး တိုက်တွန်း

မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ကြောင်း အမေရိကန်၏ သတ်မှတ်ကြေညာမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

၂၀၁၇ တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်ဝတ်မှုများကျူးလွန်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၁ ရက်တွင် တရားဝင်သတ်မှတ်လိုက်ခြင်းအပေါ် NUG က ကြိုဆို လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းက တရားမဝင်စစ်အာဏာသိမ်းမှုကိုဖြစ်ပေါ်စေကာ နိုင်ငံတဝန်း ရာဇဝတ်မှုများကို ဦးတည်စေကြောင်း NUG က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကို ယနေ့တိုင် မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပြောင်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အားပေးကူညီရန် NUG က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်