Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာစစ်တပ် ဂျီနိုဆိုက်ကျူးလွန်ကြောင်း အမေရိကန်၏သတ်မှတ်မှု NUG ကြိုဆို

မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းက တရားမဝင်စစ်အာဏာသိမ်းမှုကိုဖြစ်ပေါ်စေကာ နိုင်ငံတဝန်း ရာဇဝတ်မှုများကို ဦးတည်စေကြောင်း NUG က ပြောသည်။

(မြန်မာစစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများ​ကြောင့် ဘဂ်လား​ဒေ့ရှ်နိုင်ငံသို့ ထွက်​ပြေး​နေ​သော ရိုဟင်ဂျာများကို ၂၀၁၇က ​တွေ့ရစဥ်၊ ဓာတ်ပုံ - ရိုက်တာ)

▪️မြန်မာ့အရေးကို ICC သို့လွှဲပြောင်းနိုင်ရေး တိုက်တွန်း

မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ကြောင်း အမေရိကန်၏ သတ်မှတ်ကြေညာမှုကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

၂၀၁၇ တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သောရာဇဝတ်ဝတ်မှုများကျူးလွန်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၁ ရက်တွင် တရားဝင်သတ်မှတ်လိုက်ခြင်းအပေါ် NUG က ကြိုဆို လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းက တရားမဝင်စစ်အာဏာသိမ်းမှုကိုဖြစ်ပေါ်စေကာ နိုင်ငံတဝန်း ရာဇဝတ်မှုများကို ဦးတည်စေကြောင်း NUG က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများကို ယနေ့တိုင် မြန်မာပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း NUG က ထုတ်ပြန်သည်။

ထို့ကြောင့် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပြောင်းရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အားပေးကူညီရန် NUG က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။