ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါငံခါးကျေးရွာ၊ တနန်းဥကွိုင်ကျေးရွာနှင့် အို့ခူရီကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ယနေ့ အချက်အလက်များအရ အိမ်ခြေ ၆၀ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(PDF) ကထုတ်ပြန် သည်။



ဒီးမော့ဆို PDF နှင့် CTU နည်းပညာလက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးလောင်ပျက်စီးသွားခဲ့သည့် ပြည်သူလူထု နေအိမ် မှတ်တမ်းဓါတ်ပုံများကို ရယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဒေါငံခါးကျေးရွာ ၊ တနန်းဥကွိုင်ကျေးရွာနှင့် အို့ခူရီကျေးရွာတွင် တပ်စွဲထားလျက်ရှိပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဥ်နှင့်အမျှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။




အကြမ်းဖက်စစ်ကောင်စီတပ်မီးရှို့ဖျက်စီးသွားခဲ့သော ပြည်သူလူထုနေအိမ်များနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ဒီးမော့ဆို PDFက အသိပေးသည်။
