Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မှ လူထုနေအိမ်များမီးရှို့ ဖျက်ဆီးခဲ့မှု ဓာတ်ပုံမှတ်တမ်းများ ဒီးမော့ဆို PDFထုတ်ပြန်

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဒေါငံခါးကျေးရွာ ၊ တနန်းဥကွိုင်ကျေးရွာနှင့် အို့ခူရီကျေးရွာတွင် တပ်စွဲထားလျက်ရှိပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဥ်နှင့်အမျှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါငံခါးကျေးရွာ၊ တနန်းဥကွိုင်ကျေးရွာနှင့် အို့ခူရီကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ ယနေ့ အချက်အလက်များအရ အိမ်ခြေ ၆၀ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(PDF) ကထုတ်ပြန် သည်။

ဒီးမော့ဆို PDF နှင့် CTU နည်းပညာလက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးလောင်ပျက်စီးသွားခဲ့သည့် ပြည်သူလူထု နေအိမ် မှတ်တမ်းဓါတ်ပုံများကို ရယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ဒေါငံခါးကျေးရွာ ၊ တနန်းဥကွိုင်ကျေးရွာနှင့် အို့ခူရီကျေးရွာတွင် တပ်စွဲထားလျက်ရှိပြီး ပြည်သူပိုင်နေအိမ်များကို နေ့စဥ်နှင့်အမျှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မီးရှို့ဖျက်စီးသွားခဲ့သော ပြည်သူလူထုနေအိမ်များနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ဒီးမော့ဆို PDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။