Connect with us

Hi, what are you looking for?

News

ဘုရားပွဲအတွင်း လက်နက်ကြီးပစ်သည့်တပ်စခန်းအပါအဝင် သထုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KNU/PDFပူးပေါင်းအဖွဲ့ သွားရောက်ပစ်ခတ်

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်း နှစ်ခုကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)က ယနေ့ သတင်းထုတ်ပြန်သည်။

မတ်လ ၂၁ရက် ညပိုင်းက စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ ခမရ(၉) အထိုင်တပ်ရင်း၊ ဝင်းပနှင့် ခမရ(၉) ရှေ့တန်း ဝီယော်တပ်စခန်းတို့ကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် သထုံ PDF ပူးပေါင်း တပ်ဖွဲ့က ၄၀ မမ ဗုံးသီးလောင်ချာနှင့် သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ခွဲမှူး တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကာအခြားထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်မပြုနိုင်သေးဟု ဆိုသည်။

စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး KNLA/PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲမဖြစ်ပွားမီ မတ်လ ၁၉ရက်က ခမရ(၉) ဝီယောက်စခန်းမှ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့၍ သထုံမြို့နယ် ကျောက်တောင်ကျေးရွာ ဘုရားပွဲသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးနှင့် အမျီုးသမီး နှစ်ဦး သေဆုံးကာ ရှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တပ်စခန်းကို KNLA/PDF ပူးပေါင်းအဖွဲ့မှ မတ်လ ၂၁ရက်တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။