Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းတွင် ပြည်သူများအား ငွေညှစ်​တောင်းခံ​နေသည့် မအူဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံး

ယနေ့(မတ်လ ၂၄ ရက်) နံနက် ၂ နာရီခန့်က မုံရွာ- မန္တလေးလမ်းပေါ်ရှိ မအူဂိတ်တွင် ငွေညှစ် အကြမ်းဖက်နေသော စစ်အုပ်စုကို မုံရွာပူးပေါင်းတပ်ဖွဲ့များမှ ဝင်တိုက်ပြီးအကြမ်းဖက်စစ်သား ​လေးဦးထက်မနည်း သေဆုံးကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းတွင် ပြည်သူများအား မကြာခဏငွေညှစ်​တောင်းခံ​နေသည့် မအူဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား မဟာမိတ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားအချို့ သေဆုံးနိုင်ကြောင်း Monywa The Boysအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၂၄ ရက်) နံနက် ၂ နာရီခန့်က မုံရွာ- မန္တလေးလမ်းပေါ်ရှိ မအူဂိတ်တွင် ငွေညှစ် အကြမ်းဖက်နေသော စစ်အုပ်စုကို မုံရွာပူးပေါင်းတပ်ဖွဲ့များမှ ဝင်တိုက်ပြီးအကြမ်းဖက်စစ်သား ​လေးဦးထက်မနည်း သေဆုံးကြောင်း Monywa The Boys အဖွဲ့က သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့က အရင်ဦးအောင်ပစ်တာပါ။ ပြီးတော့သူတို့ကပြန်ပစ်တာပါ။ အားလုံး ဘေးကင်းကင်းနဲ့ပြန်ရောက်ပါတယ်”ဟု Monywa The Boys အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Monywa The Boys (မုံရွာခရိုင်တပ်ရင်း(၂) အထူးကွန်မန်ဒိုတပ်ဖွဲ့)ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း(၂) ၏ တပ်ခွဲ(၃) ၊Northwest Plains Revolution Force – NPRF (အနောက်မြောက်လွင်ပြင်တော်လှန်ရေး အင်အားစု) နှင့် God Of Snake (Monywa)၊ Yakhka Nyi Naung – Monywa၊ Monywa Young People Group မဟာမိတ်အဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Monywa The Boys အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်လ ၂၃ ရက်)မှစတင်ကာ မုံရွာ-အမြင့်လမ်းပိုင်းအား အရေးပေါ်အခြေအနေကြောင့် မိုးရွာသွန်း၍ မိုင်းများ ထကွဲမှုများဖြစ်နေပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် အရေးပေါ်ကိစ္စရှိမှသာလျှင် မုံရွာ-အမြင့်လမ်းအား အသုံးပြုကြပါရန် ညီနောင်မဟာမိတ်အဖွဲများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။