စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား PDF သုံးဖွဲ့ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
အမိမြေတော်လှန်ရေးတပ်ဖွဲ့နှ င့်အတူ Regional Friends Fighters (RFF)၊ Revolution Youth Group(RYG)၊ တပ်ဖွဲ့တို့ ပူးပေါင်း၍ အတွင်းသတင်း ပေးချက်များအရ မိုင်းများဖြင့် ၅ရက်ကြာ စောင့်ဆိုင်းနေစဥ် ယမန်နေ့(မတ်လ ၂၂)တွင် အောင်ဇေယျာကုန်းဘက်မှ မုံရွာ-ပုသိမ်ကားလမ်းအတိုင်း ထွက်လာသော စစ်ကောင်စီ ၏ စစ်ကြောင်းအား ရဲတပ်ရင်း (၂၈)နှင့် ယမားတံတားမြောက်ဘက်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က အသိပေးသည်။

“နံနက်၁၁နာရီ၁၅မှာကွင်းထဲဝင်လာချိန်ဖြစ်ပွားခဲ့တာပါဗျ။ အဖွဲ့လိုက်ကြီးဝင်လာတဲ့ထဲကမှ ၁ယောက်ပဲထလာနိုင်ပါတယ်လို့ ရှေ့တန်းရဲဘော်တွေဆီကနေသိရပါတယ်”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရအပြီး လက်ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးစာကျရွာနှင့် ဆည်ထန်းတောကြီးကျေးရွာများသို့ ဝင်ရောက်၍ ပြည်သူပိုင်ပစ္စည်းအများအပြားကို ဖျက်ဆီးကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement


















































