Connect with us

Hi, what are you looking for?

News

ဖက်ဆစ်စစ်တပ်နှင့်ပတ်သက်မှုများကို ချက်ချင်းရပ်တန့်ရန် BIMSTEC ဖိအားပေးခံရ

ဖက်ဆစ်စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်ပြုသည့် မည်သည့် နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံ ဖြစ်စေ ဒီမိုကရေစီလိုလားသည့် ပြည်သူများနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အလေးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးထားသည်။

ဖက်ဆစ်စစ်တပ်နှင့်ဆက်စပ်ပတ်သက်မှုများအား ချက်ချင်းရပ်တန့်ရန် BIMSTEC အဖွဲ့ဝင်နိုင်ငံ များကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၁၃၆ ဖွဲ့က တောင်းဆိုကြောင်း India For Myanmar က ထုတ်ပြန်သည်။

ယခုလကုန်တွင် သီရီလင်္ကာ၌ ကျင်းပမည့် (၅)ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် တက်ရောက်ရန်ဖိတ်ကြားထားမှုကို ဒေသတွင်း သပိတ်အင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများက ကန့်ကွက်ခြင်းဖြစ်ပြီး ယင်းကန့်ကွက်စာကို အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အဖွဲ့ဝင်သံရုံးများကို အိတ်ဖွင့်ပေးစာပေးပို့ ခဲ့သည်။

အိတ်ဖွင့်ပေးစာတွင် ဖက်ဆစ်စစ်တပ်နှင့်ဆက်စပ်ပတ်သက်မှုကို ရပ်တန်းကရပ်ရန်၊ မြန်မာပြည် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီး၏ တောင်းဆိုချက်များကို အလေးထားရန်နှင့် လာမည့်ထိပ်သီးညီလာခံ၌ မြန်မာပြည်အရေးအား လူသားဂုဏ်သိက္ခာနှင့် လူသားမျိုးနွယ်တို့၏ အရေးကို ရှေးရှုဆွေးနွေးကြရန် တောင်းဆိုထားသည်။

ဖက်ဆစ်စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်ပြုသည့် မည်သည့် နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံ ဖြစ်စေ ဒီမိုကရေစီလိုလားသည့် ပြည်သူများနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အလေးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

BIMSTEC အနေဖြင့်လည်း ဖက်ဆစ်စစ်တပ်အား မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်ခြင်းကို ရပ်တန့်မှုမရှိပါက India For Myanmarက နည်းမျိုးစုံဖြင့် ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

(India4Myanmar တက်ကြွလှုပ်ရှားသူများသည် နယူးဒေလီအခြေစိုက် ဘင်းစတပ် အဖွဲ့နိုင်ငံများ၏ သံရုံးများသို့ ယနေ့ ထုတ်ပြန်ခဲ့သည့်အဖွဲ့အစည်း ၁၃၆ဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက် အိတ်ဖွင့်ပေးစာအား ပေးပို့ခဲ့သည်။)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ထိတွေ့ဆက်ဆံခြင်း၊ အစည်းအဝေးများဖိတ်ကြားခြင်းလုပ်ရပ်သည် မြန်မာပြည်သူများအပေါ် မလေးစားသည့် လုပ်ရပ်ဖြစ်၍ နိုင်ငံတကာအနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒကို အလေးထားပေးရန် တောင်းဆိုလိုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၅)မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဖိတ်ကြားမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၄)မှာ စစ် ခေါင်း ဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံမှာ BIMSTEC အစည်းအဝေး တက်ရောက်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook