Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖက်ဆစ်စစ်တပ်နှင့်ပတ်သက်မှုများကို ချက်ချင်းရပ်တန့်ရန် BIMSTEC ဖိအားပေးခံရ

ဖက်ဆစ်စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်ပြုသည့် မည်သည့် နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံ ဖြစ်စေ ဒီမိုကရေစီလိုလားသည့် ပြည်သူများနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အလေးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးထားသည်။

ဖက်ဆစ်စစ်တပ်နှင့်ဆက်စပ်ပတ်သက်မှုများအား ချက်ချင်းရပ်တန့်ရန် BIMSTEC အဖွဲ့ဝင်နိုင်ငံ များကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၁၃၆ ဖွဲ့က တောင်းဆိုကြောင်း India For Myanmar က ထုတ်ပြန်သည်။

ယခုလကုန်တွင် သီရီလင်္ကာ၌ ကျင်းပမည့် (၅)ကြိမ်မြောက် BIMSTEC ထိပ်သီးညီလာခံသို့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် တက်ရောက်ရန်ဖိတ်ကြားထားမှုကို ဒေသတွင်း သပိတ်အင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူများက ကန့်ကွက်ခြင်းဖြစ်ပြီး ယင်းကန့်ကွက်စာကို အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အဖွဲ့ဝင်သံရုံးများကို အိတ်ဖွင့်ပေးစာပေးပို့ ခဲ့သည်။

အိတ်ဖွင့်ပေးစာတွင် ဖက်ဆစ်စစ်တပ်နှင့်ဆက်စပ်ပတ်သက်မှုကို ရပ်တန်းကရပ်ရန်၊ မြန်မာပြည် ဒီမိုကရေစီအရေးလှုပ်ရှားမှုကြီး၏ တောင်းဆိုချက်များကို အလေးထားရန်နှင့် လာမည့်ထိပ်သီးညီလာခံ၌ မြန်မာပြည်အရေးအား လူသားဂုဏ်သိက္ခာနှင့် လူသားမျိုးနွယ်တို့၏ အရေးကို ရှေးရှုဆွေးနွေးကြရန် တောင်းဆိုထားသည်။

ဖက်ဆစ်စစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်ပြုသည့် မည်သည့် နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံ ဖြစ်စေ ဒီမိုကရေစီလိုလားသည့် ပြည်သူများနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး အလေးထားသည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ရမည်ဟုလည်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

BIMSTEC အနေဖြင့်လည်း ဖက်ဆစ်စစ်တပ်အား မြန်မာအစိုးရ ကိုယ်စားလှယ်အဖြစ် ဖိတ်ခေါ်ခြင်းကို ရပ်တန့်မှုမရှိပါက India For Myanmarက နည်းမျိုးစုံဖြင့် ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

(India4Myanmar တက်ကြွလှုပ်ရှားသူများသည် နယူးဒေလီအခြေစိုက် ဘင်းစတပ် အဖွဲ့နိုင်ငံများ၏ သံရုံးများသို့ ယနေ့ ထုတ်ပြန်ခဲ့သည့်အဖွဲ့အစည်း ၁၃၆ဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက် အိတ်ဖွင့်ပေးစာအား ပေးပို့ခဲ့သည်။)

ဆက်စပ်သတင်းများ

သတင်း

KIA က ဖက်ဆစ်​တော်လှန်​ရေး​နေ့(မတ် ၂၇) တွင် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်း ၇ခုကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မတ် ၂၇ ရက်မှာ ဘန်​ရောင်၊ ရှန်တိုင်း ၊ လော့ဒန် စစ်တပ်စခန်း​များကိုသိမ်းပိုက်ခဲ့သည်။

သတင်း

မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်ထဲက ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် အခြေစိုက်ပြီး တရုတ်နဲ့ နယ်စပ်နားမှာ တည်ရှိတဲ့ လိုင်ဇာမြို့ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

သတင်း

လာမည့်နှစ်မွေးနေ့တွင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်တွေ့ဆုံ မွေးနေ့ဆုမွန်စကားပြောကြားလိုကြောင်း ကိုထိန်လင်းက ယခုကဲ့သို့ ပြောသည်။

သတင်း

အိန္ဒိယနဲ့ တရုတ်တို့ကြား စစ်ရေးအရ တင်းမာမှုတွေဟာ ဟိမဝန္တာ တောင်တန်းဒေသက နယ်စပ် ပြဿနာကို အကြောင်းပြုပြီး ၂၀၂၀ ကစလို့ တရိပ်ရိပ် မြင့်တက်လာနေကြောင်း သိရပါတယ်။