Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင်ကို ထိုင်း​ရောက်​မြန်မာကျောင်းသားများဆန္ဒပြ

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ဓါတ်ပုံ-​ပေးပို့

ဧပြီ-၄၊၂၀၂၅။ သုည/People’s Spring

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ဆန္ဒပြ​ကျောင်းသားများကနက်​ရောင်ဝတ်စုံများဝတ်ဆင်၍ နိုင်ငံကို ခိုးသွားတဲ့ သူ ၊မြန်မာဗိုလ်ချုပ်ကို မ​ထောက်ပံ့ပါနဲ့ ဟု အဂ်လိပ်လို့​ရေးသားထား​သောစာတမ်းများဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

မိမိတို့အနေဖြင့် မတရားမှုများကိုဆုံးခန်းတိုင်ထိ ဆက်လက်တော်လှန်သွားဖြစ်ပြီ မည်သည့်အကြောင်းကြောင့်မှ နောက်လက်တွန့်လက်မြှောက်အရှုံးပေးမည်မဟုတ်ကြောင်း ပြည်သူလူထုများအားပန်ကြားအပ်ပါသည်ဟုဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဘင်းစတက်စ်ထိပ်သီးညီလာခံတက်​ရောက်ရန်လာ​သော အာဏာသိမ်း​​ခေါင်း​​ဆောင်ကို ထိုင်းတက္ကသိုလ်​ကျောင်းသား နှင့် “Mik Luang Rim Nam and Fire Ram Thung” အဖွဲ့တို့ကလည်း ဧပြီ ၄ ရက်တွင် ဆန္ဒပြခဲ့သည်။ထိုအပြင် ဧပြီ ၄ ရက်နံနက်ပိုင်းတွင် ဘန်​ကောက်မြို့၊ ကျောက်ဖရားမြစ်ပေါ်မှ တံတားတစ်စင်းတွင်အာဏာသိမ်းခေါင်းဆောင်ကို “လူသတ်သမားမင်းအောင်လှိုင်ကို ငါတို့မကြိုဆိုဘူး” ဟု စာတန်းရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်ဖို့ဖိတ်ခဲ့တဲ့ ထိုင်းအစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း နဲ့ စစ်တပ် တရားဝင်မှုရရှိအောင် လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။