Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံ၌ Mission ​ဆောင်ရွက်​နေစဥ် ပြည်သူများအ​ပေါ် ရိုင်းပြခက်ထန်မှုခဲ့မှု STA ​တောင်းပန်

DENKOဆီဆိုင်ကို မီးရှို့ဖျက်ဆီးပြီး ကောင်တာအခန်းတွင်းအား လက်ပစ်ဗုံးတစ်လုံးနှင့် ဆီပန့်များအတွင်း နှစ်လုံး စုစုပေါင်းသုံးလုံး ပစ်ထည့်ဖောက်ခွဲခဲ့သည်ဟု ​ဖော်ပြသည်

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်၌ Mission ဆောင်ရွက်နေစဥ် ပြည်သူများအပေါ် ရိုင်းပြခက်ထန်မှုအတွက် နားလည်သည်းခံခွင့်လွှတ်ပေးပါရန် Special Task Agency of Burma (STA)အဖွဲ့က တောင်းပန်စာ ထုတ်ပြန်လိုက်သည်။

ယမန်နေ့(မတ်လ ၂၅ရက်)ည ၇နာရီ ၅၅မိနစ်ခန့်က STA အဖွဲ့သည် မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းရှိ အကြမ်းဖက် စစ်ကောင်စီကို ထောက်ပံ့ပေးနေသော DENKOဆီဆိုင်ကို တိုက်ခိုက်သည့် Missionတွင် သေနတ်ပြရိုင်း​ပြပြုမူ မိခဲ့ခြင်းဟု ဆိုသည်။

ဆီဆိုင်အတွင်းသို့ ဆီဖြည့်ရန်လာသော အပြစ်မဲ့ပြည်သူ ကားတချို့ ဝင်လာသည့်အတွက် သတိပေးသည့်အနေဖြင့် သေနတ် ၇ချက်ခန့် ပစ်ဖောက်ခဲ့ကာ Mission ပြုလုပ်နေချိန် လူအများအပြားရှိနေပြီး ပြည်သူများ တစ်ဦးတစ်ယောက်မျှ အထိအခိုက် မရှိအောင် သတိကြီးစွာ ဆောင် ရွက်ခဲ့ရကြောင်း၊ထိုသို့ ဆောင်ရွက်ခဲ့ရသည်အတွက် အချို့သောရိုင်းပြခက်ထန်မိမှုများအား ဆိုင်ရှိပြည်သူများနှင့် ဝန်ထမ်းများအနေဖြင့် နားလည်သည်းခံ ခွင့်လွှတ်ပေးရန် STA က တောင်းပန်သည်။

DENKOဆီဆိုင်ကို မီးရှို့ဖျက်ဆီးပြီး ကောင်တာအခန်းတွင်းအား လက်ပစ်ဗုံးတစ်လုံးနှင့် ဆီပန့်များအတွင်း နှစ်လုံး စုစုပေါင်းသုံးလုံး ပစ်ထည့်ဖောက်ခွဲခဲ့သည်ဟု ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၅ ရက် ည ၈နာရီခန့်တွင် STA အဖွဲ့ အနေဖြင့် မြောက်ဒဂုံမြို့နယ်၊ ၇/၈လမ်းဆုံအနီး ပြည်ထောင်စုလမ်းမပေါ်ရှိ KBZ ဘဏ်နှင့်ကပ်လျက် ATM စက်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ ATM စက်နှင့် ဘဏ်ကားအနောက်ပိုင်း မီးလောင်ပျက်ဆီးမှု ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။

တိုက်ခိုက်မှုဖြစ်စဥ် နှစ်ခုလုံး၌ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့​ကြောင်းလည်း အသိ ပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ လက်ပါးစေများနှင့်တကွ စစ်အုပ်စု၏ထောက်တိုင်များအား ရှင်းလင်းဖျက်ဆီးခြင်းလုပ်ငန်းများအား ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း STAက သတိပေးသည်။

ရန်ကုန်မြို့၌ စစ်​ကောင်စီတပ်နှင့် ၎င်းတို့၏ ​ထောက်တိုင်များအား ​ဖောက်ခွဲတိုက်မှုများပြုလုပ်ရာတွင် ​အ​ရေး​ပေါ်လမ်း​တောင်းသည့် ကား၊ဆိုင်ကယ်များကို လမ်းဖယ်​ပေးကြရန်နှင့် ​သေနတ်ပြလမ်း​တောင်းမိပါက ခွင့်လွှတ်​ပေးကြရန် မြို့ပြ​ပြောက်ကျားအဖွဲ့များက ကြိုတင်​တောင်းပန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဇွန် ၈ ရက် ညနေ ၄ နာရီခွဲခန့်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၉(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ၆ တန်း ကျောင်းသား မင်းခန့်​ဇော်ခေါ် တူးတူးဟာ ကျောင်းကနေအိမ်ပြန်ရောက်ပြီးမကြာခင် အိမ်ကနေ ပြန်ထွက်သွားခဲ့တယ်။ သူငယ်ချင်းအိမ်ခဏသွားဦးမယ်ဆိုပြီးထွက်သွားခဲ့တာလို့ အိမ်နီးချင်းတွေက ပြောတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဇွန်လ ၈ရက်က ပျောက်ဆုံးသွားတဲ့ (၁၃)နှစ်အရွယ် ၆တန်းကျောင်းသားလေးဟာ အသတ်ခံထားရပြီး ရေကန်ထဲမှာ စွန့်ပစ်ထားတဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ပလုံလောက်တဲ့ တွန်းလှည်းကို ကားဝင်တိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှူကူညီရေးအဖွဲ့တာဝန်ရှိသူကအသိပေးထားပါတယ်

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။