ယမန်နေ့(မတ်လ ၂၆ ရက်) မွန်းလွဲပိုင်းက ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ကျေးရွာရှိ ပျူစောထီးသင်တန်းဆင်း ပျူအဖွဲ့ဝင်များသည် ဝယာကျေးရွာရှိ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို လုယက်ဖျတ်ဆီးရန် ဝယာကျေးရွာသို့ ဝင်ရောက်လာခဲ့ကြ ကြောင်း၊ မိကျောင်းသွား သွားကာ ဝယာကျေးရွာသို့ ချဥ်းကပ်လာသော ပျူစောထီးများအား ညီနောင်မဟာမိတ်များဖြစ်ကြသောBlack Eagle People Defense Force( Monywa)၊ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်Chaung U Revolution Army (C.R.A )၊ MGN35 ပျောက်ကျားတပ်ဖွဲ့၊Chaung U Local Defence Force (CHU-LDF )၊Farmers Revolution Force CHU၊Black Wolf People Defense Force၊ Monywa Lightning PDF၊ Dragon Brother People’s Defense Force၊ Monywa Underground Revolution၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Monywa Brave Heartsတို့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးခြောက်ဦး ထက်မနည်း သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒါဏ်ရာ ရရှိကာ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သပ်၍ အသေး စိပ်ထပ်မံသိရှိရန် မဟာမိတ်တပ်ဖွဲ့ များကို ဆက်သွယ်မေးမြန်ရာ ဆက်သွယ်မရသေးပါ။
ယခုကာလတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်ရန်ပုံငွေများ အရေးတကြီးလိုအပ်လျက် ရှိသည့်အတွက် ကူညီထောက်ပံ့ပေးကြပါ ရန်မိဘပြည်သူများထံသို့ ညှိုးငယ်စွာဖြင့်အကူညီတောင်းခံကြောင်း Black Eagle People Defense Force( Monywa)က အသိပေးသည်။
မတ်လ၈ရက်ကလည်း ချောင်းဦးမြို့နယ်၊ ယာကြီးတောကျေးရွာ၊ဝယာကျေးရွာ၊ဆီပန်းကန်ကျေးရွာတို့အား ဓားမြတိုက်၊ ခိုးယူဖျက်ဆီးမီးရှို့၍ မတ်လ၁၀ရက် တွင် မုံရွာ (န.မ.ခ )သို့ မုံရွာအမြင့်လမ်းကြောအတိုင်း ပြန်လာသော အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို မဟာမိတ်ညီနောင်များက လမ်းတစ်လျှာက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားသုံးစီးအနက်မှ နောက်ဆုံးတစ်စီးမှာ ကြေမွပျက်စီး သွားပြီး ထိုကားပေါ်တွင် စီးနင်းလိုက်ပါလာသော စစ်သား၊ရဲသားနှင့်ပျူများ ၂၃ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့များက ထုတ်ပြန်ခဲ့သည်။

Public Service Announcement
