Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့နယ်သပိတ်​ခေါင်း​ဆောင် ကိုမာန်ဇာ​မြေမွန် ​ထောင် ၂နှစ်ချခံရ

ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန်လ ၈ရက်တွင် စစ်ကောင် စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မငါးခုဖြင့် မတရားအမှုဖွင့်ထားပြီး ယခုအခါ တစ်မှုအတွက်သာ အမိန့်ချခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးပြီး ကိုးလအကြာတွင်ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်။

မုံရွာအကျဥ်းထောင်အတွင်း ထိန်းသိမ်းခံထားရသည့်ကိုမာန်ဇာမြေမွန်အား စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့(မတ်လ ၃၀) အမိန့်ချလိုက်ခြင်းဖြစ်သည်။

“အဖမ်းခံရတာက မနှစ်က(၂၀၂၁) ဇွန်လထဲမှာ။ ဖမ်းတုန်းကလည်း အကြမ်းဖက်ဖမ်းသလို စစ်ကြောရေးမှာလည်း တော်တော် နှိပ်စက်ခံခဲ့ရတယ်”ဟု ကိုမာန်ဇာမြေမွန်၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန်လ ၈ရက်တွင် စစ်ကောင် စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မငါးခုဖြင့် မတရားအမှုဖွင့်ထားပြီး ယခုအခါ တစ်မှုအတွက်သာ အမိန့်ချခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နောက်ထပ် လေးမှုအတွက် ဆက်လက်အမှုရင်ဆိုင်ရအုံးမည်ဖြစ်သည်။

ချောင်းဦးမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အင်အားကောင်းပြီး လူညီသည့်မြို့ဖြစ်သည်။

ကိုမာန်ဇာမြေမွန်၏ သူငယ်ချင်းဖြစ်သူ ချောင်းဦးမြို့နယ် တွဲဘက်တရားသူကြီး ဦးကောင်းမြတ်သူသည် စစ်တပ်အား အာဏာဖီဆန်ကာ CDM ပြုလုပ်ခဲ့ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

တောင်ကြီးမြို့သို့ရောက်ရှိနေသည့် လားရှိုးမြို့မှစစ်ဘေးရှောင်တဦးအား ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်သည်ဟုစွပ်စွဲကာ စစ်ကောင်စီကဖမ်းဆီးပြီး ထောင် ၇နှစ်ချလိုက်သည့်လုပ်ရပ်သည် လူထုကို ခြိမ်းခြောက်ခြင်းဟု တောင်ကြီးနှင့်လားရှိုးမြို့မှဒေသခံများကပြောသည်။

ဆောင်းပါး

ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းက ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာက နေအိမ်တအိမ်မှာ မိသားစုဝင်တွေ ထမင်းလက်ဆုံစားနေကြတယ်။ ကလေးတစ်ယောက်နဲ့လူကြီးနှစ်ယောက်က ထမင်းအရင်စားပြီးလို့ ထမင်းဝိုင်းကထွက်သွားကြပြီ။ ပန်းကန်ဆေးသူကဆေးနေပြီ။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်ဆင်နေ၍ ပြည်သူများအနေဖြင့် သတိထားကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(CHU PDF)မှ တာဝန်ရှိသူ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။