Connect with us

Hi, what are you looking for?

LuduNwayOo

News

ချောင်းဦးမြို့နယ်သပိတ်​ခေါင်း​ဆောင် ကိုမာန်ဇာ​မြေမွန် ​ထောင် ၂နှစ်ချခံရ

ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန်လ ၈ရက်တွင် စစ်ကောင် စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မငါးခုဖြင့် မတရားအမှုဖွင့်ထားပြီး ယခုအခါ တစ်မှုအတွက်သာ အမိန့်ချခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးပြီး ကိုးလအကြာတွင်ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်။

မုံရွာအကျဥ်းထောင်အတွင်း ထိန်းသိမ်းခံထားရသည့်ကိုမာန်ဇာမြေမွန်အား စစ်ကောင်စီက ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့(မတ်လ ၃၀) အမိန့်ချလိုက်ခြင်းဖြစ်သည်။

“အဖမ်းခံရတာက မနှစ်က(၂၀၂၁) ဇွန်လထဲမှာ။ ဖမ်းတုန်းကလည်း အကြမ်းဖက်ဖမ်းသလို စစ်ကြောရေးမှာလည်း တော်တော် နှိပ်စက်ခံခဲ့ရတယ်”ဟု ကိုမာန်ဇာမြေမွန်၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဇွန်လ ၈ရက်တွင် စစ်ကောင် စီက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မငါးခုဖြင့် မတရားအမှုဖွင့်ထားပြီး ယခုအခါ တစ်မှုအတွက်သာ အမိန့်ချခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နောက်ထပ် လေးမှုအတွက် ဆက်လက်အမှုရင်ဆိုင်ရအုံးမည်ဖြစ်သည်။

ချောင်းဦးမြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အင်အားကောင်းပြီး လူညီသည့်မြို့ဖြစ်သည်။

ကိုမာန်ဇာမြေမွန်၏ သူငယ်ချင်းဖြစ်သူ ချောင်းဦးမြို့နယ် တွဲဘက်တရားသူကြီး ဦးကောင်းမြတ်သူသည် စစ်တပ်အား အာဏာဖီဆန်ကာ CDM ပြုလုပ်ခဲ့ပြီး ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မေလ ၂၃ ရက်ညက ဗျူဟာသည် လျှပ်စစ်မီးမမှန်သည့်အပေါ် Live လွှင့်၍ ‌ဝေဖန်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် လျှပ်စစ်ဝန်ကြီးကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်ဟုဆိုကာ မေလ ၂၅ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတကာ

ထောင်ကို ရောက်ပြီး ဆေးစစ်မှုတွေ လုပ်ဆောင်ခဲ့တဲ့အခါ အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ အသက်အရွယ်ကြောင့်ရော၊ အရင်က နာတာရှည် ဝေဒနာတွေကြောင့်ပါ ကျန်းမာရေး အခြေအနေ အကောင်းဆုံး မဟုတ်တဲ့အတွက် ထောင်ရဲ့ ကုသဆောင်ဆီ ပို့ဆောင်ထားခဲ့ပါတယ်။

သတင်း

ဒီနေ့ ဇူလိုင်လ ၂၇ ရက်ဟာ ဒိုက်ဦးထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃၇ဦး ထောင်ပြောင်းရွှေ့မယ်ဆိုပြီး ခေါ်ထုတ်ခံရတာ တစ်လပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

သတင်း

ယမန်နေ့ (ဇူလိုင် ၅ရက်)နံနက် ၃နာရီခန့်က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ ကံကြီးကုန်းရွာနှင့် ကင်မွန်းတော်ရွာရှိ စစ်ကောင်စီတပ်ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်။