Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်ဆင်နေ၍ ပြည်သူများသတိထားကြရန် PDF သတိပေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်ဆင်နေ၍ ပြည်သူများအနေဖြင့် သတိထားကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(CHU PDF)မှ တာဝန်ရှိသူ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။

ချောင်းဦးမြို့တွင်း တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရန်ပြင်ဆင်နေ၍ ပြည်သူများအနေဖြင့် သတိထားကြရန် ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(CHU PDF)မှ တာဝန်ရှိသူ ကိုသန့်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၉ရက်)တွင် ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စစ်ကောင်စီတပ် သားများ ရောက်လာသည်ဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်း​၏ ဓါးစာခံဖမ်းဆီးခံရခြင်းမှ ကင်းဝေးရန် ချောင်းဦးမြို့ပေါ်နှင့် စစ်ကောင်စီ စိုးမိုးနေရာများသို့ မသွားသင့်ကြောင်းလည်း ချောင်းဦး PDFက သတိပေးသည်။

Public Service Announcement

Public Service Announcement

“ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဖို့ ရုတ်တရက် လာလို့မရဘူး။စစ်ကြောင်းထိုးမယ်ဆိုရင် မုံရွာက ဖြစ်ဖြစ်၊စစ်ကိုင်း တပ်မ(၃၃) ဘက်ကပဲဖြစ်ဖြစ် ချောင်းဦးထွေအုပ်ရုံးကို အင်အားပို့တယ်။အဲဒီကနေပြီး စစ်ကြောင်းထိုးတာပေါ့။စစ်ကြောင်းမထိုးခင် နှစ်ရက်၊ သုံးရက်လောက် ပြည်သူတွေကို ဓားစားခံဆွဲ ပြီး စစ်ကြောင်းထဲ ခေါ်လာတာမျိုးရှိတယ်။ဒါကြောင့်တခုခုဆို ပြည်သူတွေနစ်နာမှာဆိုးတယ်”ဟု ကိုသန့်က ပြောသည်။

လက်ရှိ ချောင်းဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ရောက်ရှိနေသည့် စစ်ကောင်စီတပ်သားများသည် မုံရွာမြို့ဘက်မှလာရောက်ခြင်းဖြစ်ပြီး အင်အား ၁၅၀ခန့်ရှိကြောင်းလည်း ၎င်းက အသိပေးသည်။

ထို့အပြင် ရိက္ခာပြတ်တောက်နေသည့် ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာအချို့ကို ရိက္ခာပို့မည့်စစ်​ကြောင်း ဖြစ်နိုင်ကြောင်း ချောင်းဦးမြို့နယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက သုံးသပ်သည်။

” ချောင်းဦးမြို့နယ်ရဲ့အလယ်မှာ ကင်းမွန်တော် ပျူရွာ။ချင်းတွင်းမြစ်ဘေး မြို့အနောက်တောင် ခြမ်းမှာက ကံကြီးကုန်းပျူရွာဆိုတာရှိသေးတယ်။ ပျူတွေရိက္ခာပြတ်ပြီး ငတ်နေတယ်လို့ ကြားတယ်။အဲဒါကြောင့် ရိက္ခာပို့စစ်ကြောင်းဖြစ်ဖို့များတယ်”ဟု ၎င်းက ပြောသည်။

စစ်ကြောင်းထိုးမည့်အခြေအနေကြောင့် ချောင်းဦးမြို့အနီးရှိ ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအတွင်း ချောင်းဦးမြို့သို့ လမ်းပိုင်းအသုံးပြုမှုကို အတက်နိုင်ဆုံး ရှောင်ကြဥ်ပေးကြရန်လည်း ချောင်းဦး PDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာသွားတယ်လို့ နတ်မောက်ဂဠုန် PDFရဲ့ တာဝန်ရှိသူ ကိုအောင်ဒင်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ မနေ့ကတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြာပြီး အထိနာခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးမှတဆင့် ဘောလခဲမြို့နယ်ကို စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People's Spring ကို ပြောပါတယ်။