Connect with us

Hi, what are you looking for?

News

မြစ်ငယ် PDF စခန်းစီးနင်းခံရပြီး ရဲ​ဘော်နှစ်ကျဆုံးကာ ၂၉ဦးဖမ်းဆီးခံရ

အခြားတော်လှန်ရေးအဖွဲ့များ၏ အကူအညီကြောင့် ကျန်ရှိသော အဖွဲ့ဝင်များစွာမှာ လွတ်မြောက်ရာနေရာသို့ ရောက်ရှိခဲ့ပြီးဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

People's Spring
People's Spring

မန္တလေးတိုင်းရှိ မြစ်ငယ် PDF စခန်းဝင်ရောက်စီးနင်းခံရပြီး ရဲဘော်နှစ်ဦးကျဆုံးကာ ၂၉ဦးဖမ်းဆီးခံခဲ့ရကြောင်း မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN PDF)က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၀ ရက်)နံနက် ၆နာရီခန့်တွင် စစ်ကောင်စီက သာလွန်အင်အား ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ဒေသတွင်း သတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်တွင်လည်း မြို့သာမြို့အနီး သရက်ကန်ရွာ အရှေ့ဘက်တောင်ကြောရှိ မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN PDF) စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ခန့်သည် လက်နက်ကြီး၊လက်နက်ငယ်များအသုံးပြု ၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း အသိပေးသည်။

အခြားတော်လှန်ရေးအဖွဲ့များ၏ အကူအညီကြောင့် ကျန်ရှိသော အဖွဲ့ဝင်များစွာမှာ လွတ်မြောက်ရာနေရာသို့ ရောက်ရှိခဲ့ပြီးဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးရဲဘော်များနှင့် ဖမ်းဆီးခံရဲဘော်များအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MN PDF)က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။