Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ စည်ပင်ကားသုံးစီးကို ပြည်သူ့ကာကွယ် ရေးအဖွဲ့ သိမ်းဆည်း

စည်ပင်အမှိုက်သိမ်းယာဉ် သုံးစီးကို ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Kalay Civil Armed Force က မတ် ၂၉ ရက်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။စည်ပင်ဝန်ထမ်းများအား ဖိအားတစုံတရာမပေးဘဲ နေရပ်သို့ပြန်စေခဲ့သည်။

ဓာတ်ပုံ - Zalen Media

▪️ပြည်သူ့အစိုးရထံ ပြန်လည်အပ်နှံသွားမည်ဟု ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီလက်အောက် ခံစည်ပင်ဌာနမှ အမှိုက်သယ်ယာဥ်သုံးစီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က သိမ်းဆည်းလိုက်ပြီး တရားဝင်ပြည်သူ့အစိုးရ ပေါ်ပေါက်လာသည့်အခါ ပြန်လည်အပ်နှံသွားမည်ဟု သတင်းထုတ်ပြန်သည်။

စည်ပင်အမှိုက်သိမ်းယာဉ် သုံးစီးကို ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော Kalay Civil Armed Force က မတ် ၂၉ ရက်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။စည်ပင်ဝန်ထမ်းများအား ဖိအားတစုံတရာမပေးဘဲ နေရပ်သို့ပြန်စေခဲ့သည်။

” ပြည်သူ့အစိုးရ ပေါ်ပေါက်ရေး တော်လှန်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သဖြင့် မတရားအာဏာ သိမ်းထားသော အာဏာရှင်လက်အောက်တွင် ထမ်းဆောင်နေသည့် Non-CDM လက်ထဲမှ စည်ပင်ကားသုံးစီးကို မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များက ခေတ္တထိန်းသိမ်း ထား​ကြောင်း အကြောင်းကြားလာပါသည်။ ဖယ်ဒရယ် ဒီမိုကရေစီစနစ်အရ ပြည်သူများက ရွေးကောက်တင်မြောက်သော တရားဝင်ပြည်သူ့အစိုးရ ပေါ်ပေါက်လာသောအခါ ပြန်လည်အပ်နှံသွားမည်”ဟု Kalay Civil Armed Force က ယနေ့( မတ် ၃၁ ရက်) သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်း​ဖြစ်ရပ်အပေါ် အကြမ်းဖက်စစ်ကောင်စီ၏ ကလေးမြို့အခြေစိုက်ဒကစမှူးက မကျေမနပ်ဖြစ်နေပြီး ကားသုံးစီးသိမ်းဆည်းခဲ့သောနေရာဖြစ်သည့် တာဟန်းစျေးနှင့် တစ်ရပ်ကွက်လုံးအား မီးလောင်တိုက်သွင်းရန် ခြိမ်းခြောက်နေသည်ဟု ကြားသိရကြောင်းလည်း Kalay Civil Armed Force က အသိ​ပေးထားသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏လုပ်ရပ်သည် တာဟန်းရပ်ကွက်နေပြည်သူများနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိကြောင်းလည်း ရှင်းပြထားသည်။ထို့အပြင် ပြည်သူလူထုအား အောက်ပါအတိုင်းတောင်းပန်ထားသည်။

” Non-CDM များက မတရားအစိုးရ၏ ယန္တရားလည် ပတ်ရန် အသုံးပြုနေသော ကားများကို ထိန်းသိမ်းရခြင်းကြောင့် ပြည်သူများ၏ အမှိုက်သိမ်း လုပ်ငန်းနှောင့်နှေးခြင်း ဖြစ်ပေါ်လာပါက မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များ၏ အားနည်းချက်ကြောင့် ဖြစ်ပါသဖြင့် ပြည်သူများကို သည်းခံပေးကြပါရန် အနူးအညွတ် တောင်းပန်လိုပါသည်” ဟု မေတ္တာရပ်ခံထားသည်။

ကလေးမြို့ပေါ်တွင် မတ်လ ၂၉ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး တာဟန်းရပ်ကွက်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို က​လေးPDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ