Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ ယနေ့ တွေ့ဆုံ

ဒေသတွင်းစစ်ရေးလှုပ်ရှားမှုများအရေး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးတွင် ပါဝင်ခဲ့သည့် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယင်းမာပင်)ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

(ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ အထူးမွမ်းမံသင်တန်းကာလအတွင်း လေ့ကျင့်နေစဥ်၊ ဓာတ်ပုံ-KPDF -2)

▪️NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းများအား လိုက်နာရန်အပါအဝင် ဘုံသဘောတူညီချက် (၉)ချက် ဆွေးနွေးအတည်ပြု

စစ်ကိုင်းတိုင်းအတွင်းရှိ ပုလဲ-ကနီ-ယင်းမာပင်-ဆားလင်းကြီးမြို့နယ်မှ မဟာမိတ်ညီနောင် ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ တွေ့ဆုံပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနချမှတ် ထားသော စည်းမျဉ်းများအားလိုက်နာရန်အပါအဝင် ဘုံသဘော တူညီချက် (၉)ချက်ကို ‌ဆွေးနွေးအတည်ပြုခဲ့ကြသည်။

စစ်ကောင်စီအား ခုခံတိုက်ခိုက်ရာတွင် လက်တွဲညီပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင် အင်အား များသည့် အထက်ပါ မြို့နယ်လေးခုမှ မဟာမိတ်ညီနောင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ သည် ယင်းမာပင်မြို့နယ်မှ နေရာတစ်ခုတွင် ယနေ့(ဧပြီ ၁ရက်)အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ် သည်။

ဒေသတွင်းစစ်ရေးလှုပ်ရှားမှုများအရေး အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးတွင် ပါဝင်ခဲ့သည့် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယင်းမာပင်)ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အစည်းအဝေးဆုံးဖြတ်ချက်ရလဒ်အဖြစ် NUG ကာကွယ်ရေးဝန်ကြီးဌာန ချမှတ်ထားသော သစ္စာ၊ ကျင့်၀တ်နှင့် စည်းမျဉ်းများအား လေးစားလိုက်နာရမည် ဆိုသည့်အချက်အပါအဝင် ဘုံသဘောတူညီချက်ရရှိခဲ့သည်ဟု မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ယင်းမာပင်)က ထုတ်ပြန်သည်။

အဆိုပါဘုံသဘောတူညီချက် (၉)ချက်မှာ မဟာမိတ်ညီနောင်အဖွဲ့ဝင်များ သွေးစည်းညီညွတ်စွာ အာဏာရှင်စနစ်ဆိုးအား အတူတကွ တွန်းလှန်သွားမည်၊ မဟာမိတ်ညီနောင် အချင်းချင်းကြား အပြန်အလှန် ရပ်တည်ဝန်းရံပေးရမည်၊ မြို့တွင်းစစ်ဆင်ရေးများဖော်ဆောင်ရာတွင် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်များ၏ခွင့်ပြုချက်များရယူပြီး အတူတကွပူးပေါင်း ဆောင်ရွက်ရ မည်တို့ ဖြစ်သည်။

ထို့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာနမှချမှတ်ထားသော စစ်သည်ကျင့်ဝတ် များ ဖောက်ဖျက်ကျူးလွန်ခဲ့သည်ရှိသော် သက်ဆိုင်ရာမိခင်တပ်ရင်းများမှ တာဝန်ယူဖြေရှင်း ပေးရမည်၊ NUG ကာကွယ်ရေးဝန်ကြီးဌာန ချမှတ်ထားသော သစ္စာ၊ ကျင့်၀တ်နှင့် စည်းမျဉ်း များအား လေးစားလိုက်နာရမည်၊ စစ်ဆင်ရေးများဆောင်ရွက်ရာတွင်ပြည်သူလူထုအား ဘေးကင်းလုံခြုံရန်နှင့် အန္တရာယ်ရှင်းဘေးကင်းစွာ ဆောင်ရွက်ပေးရမည်၊ မဟာမိတ် ညီနောင် များ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများဆောင်ရွက်ရမည် ၊နည်းပညာပိုင်း(ထုတ်လုပ်ရေး) ဆိုင်ရာများ မျှဝေဖလှယ်ရမည်နှင့် အထက်ပါချမှတ်ထားသောလမ်းစဉ်များ အတိုင်း လက်ခံ လိုက်နာနိုင်လျှင် အခြားသော မည်သည့်တပ်ရင်း/တပ်ဖွဲ့ မဆိုမဟာမိတ်အဖွဲ့ဝင် အဖြစ်ကြိုဆို လက်ခံသွားမည်ဟူ၍ သဘော တူညီခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့မှ တာဝန်ရှိသူ အချို့ ပါဝင်ခဲ့သော်လည်း နာမည်ကြီး ဗိုလ်နဂါးပါဝင်ခြင်းမရှိပေ။ ဗိုလ်နဂါးဦး‌ဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်သည် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစွာနှင့် မဟာမိတ်ဆက်ဆံရေးသလို အမြဲလိုချိတ်ဆက်ဆောင်ရွက်နေသည်ဟု မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ယင်းမာပင်)ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

Facebook