Connect with us

Hi, what are you looking for?

News

လာပို့​ဒေသတွင် စစ်လက်နက်များတင်​ဆောင်လာသည့် စစ်​ကောင်စီတပ်ကား​လေးစီးတိုက်ခိုက်ခံရပြီး ၁၀ဦး​သေဟု ကနီ PDF ​ပြော

တိုက်ပွဲတွင် KPDF -2 နှင့်အတူ B.21 KANI- PDF ၊ မင်းကင်းတပ်ရင်း(၂)၊ တပ်ခွဲ(၂)နှင့် ၊ ဒီပဲယင်းတပ်ရင်း (၃)- ညီနောင် ပူးပေါင်းအဖွဲ့များက ပဒေသာမိုင်း ရှစ်လုံး၊ တိုက်မိုင်း၊ ရှော့တိုက်လက်နက်ကြီးတို့ဖြင့် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

(KPDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ကနီမြို့နယ် လာပို့ဒေသတွင် စစ်လက်နက်များ တင်ဆောင်လာသည့် စစ်ကား​လေးစီးပါ ယာဉ်တန်းနှင့် စစ်အုပ်စုကို ပဒေသာမိုင်း၊ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီနှင့် ပျူစောထီး ၁၀ဦးသေဆုံးနိုင်ကြောင်း ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ (KPDF-2) က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁ရက်) နံနက် ၇နာရီခန့်တွင် မုံရွာ-ယာကြီး- ကလေးဝကားလမ်း (၆၇)မိုင်မှ လာပို့ဒေသသို့ စစ်လက်နက်များ တင်ဆောင်လာသည့် စစ်ကား ​လေးစီးပါယာဉ်တန်းအရှေ့မှ အင်အား ၈၀ခန့်ပါရှိသော စစ်ကောင် စီနှင့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KPDF-2က ဆိုသည်။

တိုက်ပွဲတွင် KPDF -2 နှင့်အတူ B.21 KANI- PDF ၊ မင်းကင်းတပ်ရင်း(၂)၊ တပ်ခွဲ(၂)နှင့် ၊ ဒီပဲယင်းတပ်ရင်း (၃)- ညီနောင် ပူးပေါင်းအဖွဲ့များက ပဒေသာမိုင်း ရှစ်လုံး၊ တိုက်မိုင်း၊ ရှော့တိုက်လက်နက်ကြီးတို့ဖြင့် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

အဆိုပါ ဖြစ်စဥ်တွင် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ဦးခန့် သေဆုံးနိုင်ပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KPDF-2 က အသိပေးသည်။

Public Service Announcement

Public Service Announcement

“မနေ့က ကတည်းက မင်းကင်းနယ်ထဲက တက်လာတာ။ကျွန်တော်တို့ လမ်းကြောအ​ခေအနေလည်း စောင့်ကြည့်ပြီး ပြင်ဆင်ထားခဲ့တာ”ဟု ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်အုပ်စုသည်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည့်အတွက် ရှေ့သို့ဆက်လက် မထွက်ခွာဘဲ ဒဏ်ရာရရှိသူများအား ဆေးကုသမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။

ထို့နောက် နံနက် ၉နာရီခန့်တွင် လက်နက်ကြီးများပစ်ခတ်၍ နယ်မြေရှင်းလင်းကာ ဆက်လက်ထွက်ခွာလာသော စစ်အုပ်စုကို မိုင်တိုင် (၆၆)အရောက်တွင် ပူးပေါင်းအဖွဲ့တို့မှ လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့သော်လည်း အတည်မပြုနိုင်သေးပေ။

အဆိုပါထိတွေ့မှုအပြီး စစ်အုပ်စုက လက်နက်ကြီးများပစ်ခတ်၍ ခြေလျင်စစ်ကြောင်းဖြန့်တက်လာသဖြင့် လက်နက်အင်အား မမျှသည့် အတွက် နေ့လယ်၁နာရီခန့်တွင် မဟာမိတ်ပူးပေါင်းအဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင် မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း KPDF -2က ဆိုသည်။

လက်ရှိတွင် စစ်အုပ်စု၏ ယာဥ်တန်းအပါအဝင် တပ်သားများမှာမုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမိုင်တိုင် (၆၄) တွင် ညအိပ်ရပ်နားပြီး အနီးနားရှိလူနေအိမ် သုံးလုံးအား မီးရှို့ဖျက်ဆီးကာ ​ဒေသခံများ၏ ကြက်များအား သတ်ဖြတ်စားသောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။