Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KNLA ဝင်တိုက်

မနေ့ ဧပြီ ၁ ရက် မနက် ၆ နာရီအချိန်က ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ခေါပုတ်စခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

မနေ့ ဧပြီ ၁ ရက် မနက် ၆ နာရီအချိန်က ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ခေါပုတ်စခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မနက် ၈ နာအချိန်နဲ့ မနက် ၁၁ နာရီအချိန်က ဖာပွန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ (၄၃၄) တပ်စခန်းကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သလို မနက် ၉ နာရီအချိန်ကလည်း ကူးဆိပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီတိုက်ခိုက်မှုသုံးကြိမ်အတွင်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မတ်လ ၃၁ ရက်မနက်က ကမမောင်းမြိုကနေ ကတိုင်တိဒေသဘက်ကို တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီအချိန်မှာလည်း ထီးသဘလူကလိုးမှာရှိတဲ့ နယ်ခြားစောင့်တပ်BGF ကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ပစ်ခတ်သေးတယ်လို့ တပ်မဟာ ၅ က ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

မနေ့ကလည်း ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့တပ်တွေဟာ ကလော်ထာကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဒေဘောခေါ်၊ တိုသေဖူး၊ ကနဲဃောထာ၊ ဒူးပရက်ကျိုး၊ ထီးညာလိခီးနဲ့ ထိုလွီကျိုးကျေးရွာအတွင်းကို လက်နက်ကြီးအချက် ၂၀ ကျော်ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်

Facebook