Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KNLA ဝင်တိုက်

မနေ့ ဧပြီ ၁ ရက် မနက် ၆ နာရီအချိန်က ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ခေါပုတ်စခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

မနေ့ ဧပြီ ၁ ရက် မနက် ၆ နာရီအချိန်က ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ခေါပုတ်စခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မနက် ၈ နာအချိန်နဲ့ မနက် ၁၁ နာရီအချိန်က ဖာပွန်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ (၄၃၄) တပ်စခန်းကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့သလို မနက် ၉ နာရီအချိန်ကလည်း ကူးဆိပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒီတိုက်ခိုက်မှုသုံးကြိမ်အတွင်း စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မတ်လ ၃၁ ရက်မနက်က ကမမောင်းမြိုကနေ ကတိုင်တိဒေသဘက်ကို တပ်ပြောင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ညနေ ၃နာရီအချိန်မှာလည်း ထီးသဘလူကလိုးမှာရှိတဲ့ နယ်ခြားစောင့်တပ်BGF ကို နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ပစ်ခတ်သေးတယ်လို့ တပ်မဟာ ၅ က ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

မနေ့ကလည်း ဖာပွန်အခြေစိုက် စစ်ကောင်စီရဲ့တပ်တွေဟာ ကလော်ထာကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဒေဘောခေါ်၊ တိုသေဖူး၊ ကနဲဃောထာ၊ ဒူးပရက်ကျိုး၊ ထီးညာလိခီးနဲ့ ထိုလွီကျိုးကျေးရွာအတွင်းကို လက်နက်ကြီးအချက် ၂၀ ကျော်ပစ်ခတ်ခဲ့ပြီး ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။