Connect with us

Hi, what are you looking for?

News

မုံရွာထောင်တွင် အကျဥ်းသားအချို့ဆန္ဒထုတ်ဖော်မှုအကြမ်းဖက်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးစားနေပြီး ပစ်ခတ်သံများကြားနေရဟုဆို

စစ်ကောင်စီက ဖမ်းဆီးထားပြီး မုံရွာထောင်တွင် ချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

မုံရွာအကျဥ်းထောင်တွင် အကျဥ်းသားအချို့ဆန္ဒထုတ် ဖော်နေကြပြီး စစ်ကောင်စီက အကြမ်းဖက်ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားပြီး မုံရွာထောင်တွင် ချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“ထောင်အတွင်းထဲကနေ ဆူညံသံတွေ ကြားနေရတယ်။ သေနတ်ပစ်သံတွေလည်း ကြားလိုက်တယ်။ အခြေအနေက ရှုပ်ထွေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာအကျဥ်းထောင်အတွင်းဘက်မှ ညနေ၄နာရီ ၄၉မိနစ်ကစတင်ကာ ဆန္ဒထုတ်ဖော်သံများကြားရပြီး ညနေ ၅နာရီ ၁၂မိနစ်တွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်လာခဲ့သည်ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကျဥ်းထောင်အတွင်းသို့ လူနာတင်ကားနှင့် ဆေးရုံကားအချို့ မောင်းဝင်သွားကြောင်းနှင့် ညနေ ၅နာရီ ၅၈မိနစ်တွင် 40 MM လောင်ချာ ပစ်ခတ်သံကြားရသည်ဟုဆက်လက် သတင်းထုတ်ပြန်ထားသည်။

မုံရွာထောင်အတွင်း အကျဥ်းကျနေသည့် အပြစ်မဲ့ ပြည်သူများသည် စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မူ့တွေကြောင့် ဆန္ဒထုတ်ဖော်ခြင်းဟုလည်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သည့်မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

မုံရွာအကျဥ်းထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပါအဝင် ဖမ်းဆီးခံထားရသည့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ နာမည်ကြီးသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ကိုဟန်ဇာမြေမွန်တို့လည်း ထိန်းသိမ်းခံထားရသည်။

အသေးစိတ်အခြေအနေကို ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

Facebook