Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာထောင်တွင် အကျဥ်းသားအချို့ဆန္ဒထုတ်ဖော်မှုအကြမ်းဖက်ထိန်းချုပ်ရန် စစ်ကောင်စီ ကြိုးစားနေပြီး ပစ်ခတ်သံများကြားနေရဟုဆို

စစ်ကောင်စီက ဖမ်းဆီးထားပြီး မုံရွာထောင်တွင် ချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

မုံရွာအကျဥ်းထောင်တွင် အကျဥ်းသားအချို့ဆန္ဒထုတ် ဖော်နေကြပြီး စစ်ကောင်စီက အကြမ်းဖက်ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးထားပြီး မုံရွာထောင်တွင် ချုပ်နှောင်ခံထားရသူအချို့က ယနေ့(ဧပြီ ၃ရက်) ည​နေ ၅နာရီခန့်ကစတင်ကာ ဆန္ဒထုတ်ဖော်နေခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“ထောင်အတွင်းထဲကနေ ဆူညံသံတွေ ကြားနေရတယ်။ သေနတ်ပစ်သံတွေလည်း ကြားလိုက်တယ်။ အခြေအနေက ရှုပ်ထွေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုံရွာအကျဥ်းထောင်အတွင်းဘက်မှ ညနေ၄နာရီ ၄၉မိနစ်ကစတင်ကာ ဆန္ဒထုတ်ဖော်သံများကြားရပြီး ညနေ ၅နာရီ ၁၂မိနစ်တွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်လာခဲ့သည်ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကျဥ်းထောင်အတွင်းသို့ လူနာတင်ကားနှင့် ဆေးရုံကားအချို့ မောင်းဝင်သွားကြောင်းနှင့် ညနေ ၅နာရီ ၅၈မိနစ်တွင် 40 MM လောင်ချာ ပစ်ခတ်သံကြားရသည်ဟုဆက်လက် သတင်းထုတ်ပြန်ထားသည်။

မုံရွာထောင်အတွင်း အကျဥ်းကျနေသည့် အပြစ်မဲ့ ပြည်သူများသည် စစ်ကောင်စီ၏ ညှင်းပန်းနှိပ်စက်မူ့တွေကြောင့် ဆန္ဒထုတ်ဖော်ခြင်းဟုလည်း မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သည့်မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ရေးသားထားသည်။

မုံရွာအကျဥ်းထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပါအဝင် ဖမ်းဆီးခံထားရသည့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ နာမည်ကြီးသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၊ ကိုဟန်ဇာမြေမွန်တို့လည်း ထိန်းသိမ်းခံထားရသည်။

အသေးစိတ်အခြေအနေကို ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။