Connect with us

Hi, what are you looking for?

News

ပခန်းကြီးမြို့ဟောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက် သေဆုံးမှုရှိဟု ရေစကြို PDF ပြော

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက်မှစတင်ကာ အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးနေပြီး ဒေသခံတို့၏ နေအိမ် အများအပြားမီးရှို့ဖျက်ဆီးခံထားရကာ ပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။

(အကြမ်းဖက်စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသည့် ပခန်းကြီးမြို့ဟောင်း အထွက် တစ်နေရာကိုတွေ့ရစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်းတွင် အကြမ်းဖက် စစ်ကောင်စီ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၄)နံနက် ၁၁နာရီခန့်က ပခန်းကြီးမြို့ဟောင်းအထွက် ပခုက္ကူ-မန္တလေး လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် များအား မိုင်းနှစ်ကြိမ် ဆွဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ လေးဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း People Defense Force Yesagyoက သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပခန်းကြီးမြို့ဟောင်းအနီး ပခုက္ကူ- မန္တလေးလမ်း ပေါ်တွင်ရှိသည့် ဆင်ချောင်းရွာတွင် ပျူစောထီးများက အုပ်စုဖွဲ့ရမ်းကား သောင်းကြမ်းနေပြီး နေ့လယ် ၁နာရီဝန်းကျင်က ခရီးသွားလူငယ်တစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

“ပခန်းကြီး၊ ဆင်ချောင်းအနီးတဝိုက် ပေါက်ကွဲသံတွေ အကျယ်ကြီးကြားလိုက်ရ တယ်။ စစ်တပ် ဘက်ကသေတယ်လို့လည်း ကြားတယ်”ဟု ရေစကြိုဒေသခံ တစ်ဦးက ​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်​​၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုထံ ဆက်သွယ်မေးမြန်း ထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ ဧပြီ ၂ ရက်မှစတင်ကာ အင်အားအများအပြားဖြင့်စစ်ကြောင်းထိုးနေပြီး ဒေသခံတို့၏ နေအိမ် အများအပြားမီးရှို့ဖျက်ဆီးခံထားရကာ ပြည်သူလေးဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook