Connect with us

Hi, what are you looking for?

News

တက္ကသိုလ်ဝင်တန်းစာ​မေးပွဲ​ဖြေဆိုသည့် ​ကျောင်းသားများထံမှ စာ​ရေးကိရိယာများအလှူခံပြီး စစ်ဘေး​ရှောင်များစခန်းများသို့ ​ပေးပို့

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးစီးသည့် ကျောင်းသား၊ကျောင်းသူများထံမှ စာရေးကိရိ ယာများကို အလှူခံ၍ စစ်ဘေးရှောင်စခန်းများသို့ လှူဒါန်းနိုင်ရန် မင်းပြားလူငယ်အစည်းအရုံး(MYA)က ယနေ့(ဧပြီ ၆ ရက်)ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်သည်။

“အဓိကတော့ ကျွန်တော်တို့မြို့နယ်ထဲမှာတင် စစ်ဘေးရှောင်နေရတဲ့ကလေးငယ်တွေအများကြီးလေ။စခန်းက လေးခုလောက်ရှိတယ်။သူတို့ မှာ ဝယ်ဖို့ ပိုက်ဆံမရှိဘူး။ဒါတွေကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်တော်တို့ဆောင်ရွက်ခဲ့တာပါ”ဟု MYA တာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။

အဆိုပါအစီအစဥ်လုပ်ဆောင်ခဲ့သည့် ကျောင်းငါးကျောင်းအနက် တစ်ကျောင်းလျှင် စာရေးကိရိယာ ရာနှင့်ချီရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လူမှုကူညီရေး လုပ်ဆောင်ချက်ကို ပူးတွဲဆောင်ရွက်လိုပါကလည်း ၎င်းတို့နှင့်လာရောက်ပူးပေါင်း ကြရန် မင်းပြားလူငယ်အစည်းအရုံးက ဖိတ်ခေါ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း (အထက ၃)မှာ ဆရာမတွေခိုင်းလို့ ကျောင်းတံခါးသွားပိတ်တဲ့ (၉) တန်းကျောင်းသား သံတံခါး​ပိမိလို့ ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံမှာ အရေးပေါ်​ဆေးကုသမှု ခံယူနေရပါတယ်။

သတင်း

မန္တလေး၊အမရပူရမြို့နယ်၊ ယဉ်တော်စံရွာရှိအခြေခံပညာမူလွန်ကျောင်း ရှေ့မှာမနေ့( ဇွန်လ ၂၃ ရက်)ကကျောင်းသားအချင်းချင်းစကားများရန်ဖြစ်ရာကဓားထိုးမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးသွားတယ်လို့ လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။