Connect with us

Hi, what are you looking for?

News

စစ်​​ကောင်စီ၏​ဒေါ်လာအ​ပေါ်ကန့်သတ်ချက်ဂျပန်သံရုံးကန့်ကွက်၊ ဂျပန်သံရုံးနှင့် ဂျပန်လုပ်ငန်းများအားကင်းလွတ်ခွင့်​ တောင်းဆို

စစ်ကောင်စီက အဆိုပါ သတ်မှတ်ချက်ကို မလိုက်နာပါက ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ထားသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူ ဥပဒေဖြင့်အရေးယူမည်ဟုခြိမ်း​ခြောက်ထားသည်။ ထိုဥပဒေတွင် ၎င်းတို့ ထုတ်သမျှ အမိန့်များကိုမနာခံပါက ထောင်တစ်နှစ် သို့မဟုတ် ငွေဒဏ်ချမည်ဟုဆိုသည်။

စစ်ကောင်စီက နိုင်ငံခြားငွေအကောင့်များမှ​ဒေါ်လာများကို တစ်ရက်အတွင်းပြောင်းရမည်ဆို​သော ညွန့်ကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကန့်ကွက်လိုက်ပြီး ဂျပန်သံရုံးနှင့်ဂျပန်လုပ်ငန်းများကို ကင်းလွတ်ခွင့်ပေးရန် ဧပြီ ၄ ရက်စွဲဖြင့်တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများသည် စစ်ကောင်စီကထုတ်ပြန်ချက်ကို လိုက်နာရန် ကြီးမားသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်ဟု ဂျပန်သံရုံးက ဆိုသည်။

ထိုကန့်သတ်ချက်သည့် ဂျပန်သံရုံးလုပ်ငန်းများ၊ ဂျပန်စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် အခက်အခဲများရှိလာနိုင်သည်ဟုလည်း ဂျပန်သံရုံး၏ ထုတ်ပြန်ချက်တွင်​ ဖော်ပြသည်။

ထိုကြောင့်နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းရန် ဂျပန်သံရုံး၊ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၊ ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့ (JETRO)စသည့် အဖွဲ့အစည်းများကို ကင်းလွတ်ခွင့်ပြုရမည်ဟု ဂျပန်သံရုံးကဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်​ကောင်စီက ပြည်တွင်းရှိ နိုင်ငံခြားငွေ ဘဏ်အကောင့်များသို့ ရောက်ရှိလာသည့် နိုင်ငံခြားငွေများကို တစ်ရက်အတွင်း ဒေါ်လာမှ ကျပ်ငွေကိုပြောင်းလဲရမည်ဟု ဧပြီ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ပြောင်းလဲရာတွင် စစ်ကောင်စီ သတ်မှတ်ထားသည့် တစ်ဒေါ်လာလျှင် ၁၈၅၀ကျပ် နှုန်းဖြင့်သာ ဘဏ်များကို တိုက်ရိုက်ရောင်းချရမည်ဟုလည်းဆိုသည်။

စစ်ကောင်စီက အဆိုပါ သတ်မှတ်ချက်ကို မလိုက်နာပါက ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ထားသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူ ဥပဒေဖြင့်အရေးယူမည်ဟုခြိမ်း​ခြောက်ထားသည်။ ထိုဥပဒေတွင် ၎င်းတို့ ထုတ်သမျှ အမိန့်များကိုမနာခံပါက ထောင်တစ်နှစ် သို့မဟုတ် ငွေဒဏ်ချမည်ဟုဆိုသည်။

“ဂျပန်တွေက ဒီဧပြီလထဲမှာ လုပ်ငန်းတွေ ပြန်စဖို့ လုပ်နေကြတာ။ ဒီအချိန်မှာ စစ်ကောင်စီက အတင်းကျပ်လုပ်လိုက်တော့ ဂျပန်တွေလဲ အလုပ်ရှုပ်သွားတဲ့ သဘောပေါ့”ဟု ဂျပန်အဖွဲ့အစည်းတခုတွင်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

ဂျပန်သံရုံးသည် စစ်ကောင်စီနှင့် နီးစပ်မှုရှိပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးကို ပထမဦးဆုံးသွားရောက်တွေ့ဆုံခဲ့​သော သံအမတ်မှာ ဂျပန်သံအမတ်မာရုယာမဖြစ်သည်။ထိုအပြင် အကြမ်းဖက်စစ်​ကောင်စီ၏ အာဏာသိမ်းမှုအ​ပေါ်ဂျပန်ကအ​စောပိုင်းတွင်သာကန့်ကွက်မှုပြုလုပ်ခဲ့သော်လည်းစစ်​ကောင်စီအ​ပေါ် အ​ရေးယူပိတ်ဆို့ဒဏ်ခတ်အ​ရေးယူမှုတစ်ခုမျှမလုပ်​သေး​ပေ။ထိုအပြင် ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါသည် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်နှင့် ရင်းနှီးပြီး စစ်​​ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ​ဆွေး​နွေးရန်ကြားက​ဆောင်ရွက်​ပေး​နေသူတစ်ဦးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook