Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ ထောက်ပို့ရထားတွဲ ပေါက်ကွဲမှုအပါအဝင် နေရာအချို့မှာပေါက်ကွဲမှုဖြစ်ပွား

ချမ်းမြသာစည်မြို့နယ် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ဗုံးပစ်ခံရသလို သေနတ်နဲ့လည်းပစ်ခတ်သွားတယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့ ညပိုင်း မန္တလေးမှာ နေရာ လေးနေရာလောက် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု အချို့ ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပထမဆုံးပေါက်ကွဲမှုဖြစ်တာကတော့ မန္တလေးဘူတာကြီးထဲက ထောက်ပို့ရထားတွဲ ပေါက်ကွဲမှုဖြစ်တာပါ။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပေမယ့် မန္တလေးက နေ စစ်ကိုင်းဘက်ကိုသွားမယ့် ထောက်ပို့ရထား တွဲဟာ ဒီနေ့ ညပိုင်း ၆ နာရီမှာပေါက်ကွဲမှုဖြစ်ပြီး ရထားတွဲဆိုင်းတစ်တွဲ ပျက်ဆီးသွားတယ်လို့သိရပါတယ်။

အဲဒီနောက် ည ၈ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းအတွင်း ဗုံး ပစ်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ချမ်းမြသာစည်မြို့နယ် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ဗုံးပစ်ခံရသလို သေနတ်နဲ့လည်းပစ်ခတ်သွားတယ်လို့သိရပါတယ်။

မြရည်နန္ဒာအိမ်ရာအတွင်းမှာလည်း သေနတ်ပစ်ဖောက်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။