Connect with us

Hi, what are you looking for?

News

မန္တလေးမှာ ထောက်ပို့ရထားတွဲ ပေါက်ကွဲမှုအပါအဝင် နေရာအချို့မှာပေါက်ကွဲမှုဖြစ်ပွား

ချမ်းမြသာစည်မြို့နယ် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ဗုံးပစ်ခံရသလို သေနတ်နဲ့လည်းပစ်ခတ်သွားတယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒီနေ့ ညပိုင်း မန္တလေးမှာ နေရာ လေးနေရာလောက် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှု အချို့ ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပထမဆုံးပေါက်ကွဲမှုဖြစ်တာကတော့ မန္တလေးဘူတာကြီးထဲက ထောက်ပို့ရထားတွဲ ပေါက်ကွဲမှုဖြစ်တာပါ။

စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားပေမယ့် မန္တလေးက နေ စစ်ကိုင်းဘက်ကိုသွားမယ့် ထောက်ပို့ရထား တွဲဟာ ဒီနေ့ ညပိုင်း ၆ နာရီမှာပေါက်ကွဲမှုဖြစ်ပြီး ရထားတွဲဆိုင်းတစ်တွဲ ပျက်ဆီးသွားတယ်လို့သိရပါတယ်။

အဲဒီနောက် ည ၈ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် အဆင့်မြင့်ရဲစခန်းအတွင်း ဗုံး ပစ်ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ချမ်းမြသာစည်မြို့နယ် (ဃ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးလည်း ဗုံးပစ်ခံရသလို သေနတ်နဲ့လည်းပစ်ခတ်သွားတယ်လို့သိရပါတယ်။

မြရည်နန္ဒာအိမ်ရာအတွင်းမှာလည်း သေနတ်ပစ်ဖောက်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။