Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်လမ်းစဉ်ကို မထောက်ခံသည့် တပ်ထိပ်ပိုင်းအရာရှိများ စစ်တပ်ကိုစွန့်ခွာရန် အချိန်ကျပြီဟု ကန်အောက်လွှတ်တော်အမတ်တိုက်တွန်း

အာဏာသိမ်းမြန်မာစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်မည့် BURMA Act ကို အောက်လွှတ် တော်က ဧပြီ ၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့ရာ ယင်းအတောအတွင်း နိုင်ငံခြားရေးကော်မတီဥက္ကဌ Gregory W. Meeks က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

▪️မည်သည့်ဘက်တွင် ရပ်တည်သည်ကို မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝန်းက မှတ်မိနေလိမ့်မည်ဟုပြော

တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လမ်းစဉ်ကို မထောက်ခံသည့် တပ် မတော်ထိပ်ပိုင်းအရာရှိများအနေဖြင့် စစ်တပ်ကိုစွန့်ခွာကာ ပြည်သူလူထုဘက်ရပ်တည်ရန် အ ချိန်ကျရောက်ပြီဖြစ်ကြောင်း အမေရိကန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီဥက္ကဌက တိုက်တွန်းသည်။

အာဏာသိမ်းမြန်မာစစ်တပ်ကို ပိုမိုထိရောက်စွာအရေးယူနိုင်မည့် BURMA Act ကို အောက်လွှတ် တော်က ဧပြီ ၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့ရာ ယင်းအတောအတွင်း နိုင်ငံခြားရေးကော်မတီဥက္ကဌ Gregory W. Meeks က တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ရဲ့ လမ်းစဉ်ကို မထောက်ခံတဲ့ အုပ်ချုပ်သူ အထက်ပိုင်း အရာရှိများကို ပြောလိုပါတယ်။ အခုအချိန်ဟာ ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်ကို တွေးတောဖို့ အချိန်ရောက်ပါပြီ။ ဒါကြောင့်မို့ စစ်တပ်ကို စွန့်ခွါပြီး ပြည်သူ့ဘက်ကို လှမ်းခဲ့ပါ။ မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက သင်တို့ဘယ်ဘက်ကရပ်တည်ခဲ့တယ်ဆိုတာ မှတ်မိပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အမေရိကန် အောက်လွှတ်တော်က BURMA Act ကို အတည်ပြုလိုက်ခြင်းသည် ၂၀၂၁ ဖေဖော်ဝါ ရီ ၁ ရက်က စ၍ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိရလိမ့်မည်ဆိုသော ရှင်းလင်းသည့် သတင်းစကားဖြစ်ကြောင်း Meeks က ဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းတို့ သည် တပ်တွင်းစည်းလုံးမှုရှိရန်နှင့် ၂၀၂၀ မဲမသမာမှုများကြောင့် ၎င်းတို့တပ်မတော်က ယာယီ အာဏာထိန်းနေရကြောင်း နိုင်ငံတဝန်းရှိ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်သည်များကို လိုက်လံစည်းရုံးနေ သည်ကိုတွေ့ရသည်။

သို့သော် အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းအပြီး တစ်နှစ်ကျော်ချိန်အထိ မဲမသမာမှုကို သက်သေမပြနိုင်သေးဘဲ တပ်တွင်း၌ အချင်းချင်း မယုံကြည်မှုများ၊ စစ်တပ်ခေါင်းဆောင်ပိုင်း အပေါ် ထိပ်ပိုင်းအရာရှိအချို့အပါအဝင် အရာရှိများ၏ သံသယများမြင့်တက်လာနေကြောင်း CDM တပ်မတော်သားအချို့က ပြောသည်။

“တပ်မတော်က အခုဆိုရင် တန်ဖိုးကျပြီး သမိုင်းအမဲစက်ထင်နေပါပြီ။ တပ်မတော်သမိုင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် စစ်သားတွေက ‘ပြည်သူ့စစ်သားကောင်း’ အဖြစ်ခံယူဖို့ လိုအပ်ပါတယ်။အချိန်မဆိုင်းဘဲ ပြည်သူ့ဘက်ရပ်တည်ကြပါ” ဟု CDM ဗိုလ်ကြီး ညီသုတက တိုက်တွန်းသည်။

ဓာတ်ပုံ – Wnyc

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကြပ်တဲ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စိန့်လူးဝစ် (Saint Louis) BTS မှတ်တိုင်အနီး၊ မြန်မာသံရုံးရှေ့ လူကူးကုန်းတံတားပေါ်မှာ “Myanmar is bleeding. No handshakes with a brutal dictator”လို့​ရေးထားတဲ့ စာတန်းပါဘန်နာကို ရန်ကုန်လူထုသပိတ်နှင့်Burmese Exile Movement (BEM)တို့မှ ပူးပေါင်း...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။