Connect with us

Hi, what are you looking for?

News

ပေါက်နယ်တွင် လက်နက်ခဲယမ်းကုန်ကြမ်းတင် တွဲကား သုံးစီးနှင့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၇ဦးကို လက်နက်များနှင့်တူ PDF တပ်ဖွဲ့ဝင်များ ဖမ်းမိ

စစ်ကောင်စီတပ်မှ မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နိုင်၍ ဒေသခံ ပြည်သူများသတိပြုနေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

▪️စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် ရဟတ်ယာဉ် အသုံးပြုစစ်ကြောင်းထိုးနေ၊ အရပ်သား သုံးဦးထက်မနည်းကို သတ်ဖြတ်ပြီး ရွာတစ်ရွာကိုမီးရှို့

မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၇ဦးကို လက်နက်ခဲယမ်း ကုန်ကြမ်းတင် တွဲကားယာဉ် သုံးစီးနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပေါက် – ဆိပ်ဖြူလမ်း တစ်နေရာတွင် ယမန်နေ့ (ဧပြီ ၆ရက်) မွန်းလွဲ ၃နာရီခန့်က အဆိုပါတွဲယာဉ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးကို ပေါက် PDF နှင့်မဟာမိတ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ ပေါက်မြို့နယ် ကပစ-၂၄ တပ်ကိုလာတဲ့လမ်းမှာ ဖြစ်တာ။အသေ ဖမ်းမိခဲ့တယ်။လောလော ဆယ် ဒီလောက်ပဲ ကျွန်တော်တို့ ပြောနိုင်သေး တယ်ဗျ။အခု တိုက်ပွဲ က အရမ်းပြင်းနေတယ်” ဟု ဗိုလ်ဗိုက်ကလေးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“မနေ့က အလူမီနီယံတင်လာတဲ့တွဲကားသုံးစီးနဲ့ သုံးပွင့်ဗိုလ်ကြီးတစ်ယောက်ပါတယ်ပြီးရင် အခြားအဆင့်နဲ့ တပ်သား ၆ယောက်ပါတဲ့ တွဲကား ၃စီးကိုကျွန်တော်တို့ဘက်ကဖမ်းလိုက်တာပါ”ဟု ပေါက် PDF တပ်ရင်း(၄)မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများနှင့်အတူ MA-3 လက်နက် ၇လက်ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် သိမ်းဆည်းရမိသည့် တွဲယာဉ်များ၌ ပါလာသည့်ပစ္စည်းများအနက် အသုံးဝင်မည့် ပစ္စည်းများကို သိမ်းထားသည်ဟု ဆက်လက်ပြောကြားသည်။

ထိုအခြေအနေကြောင့် စစ်ကောင်စီတပ်က ပေါက်မြို့ နယ်သို့ စစ်ကြောင်းသုံးကြောင်းထိုးဝင်ရောက်ကာ ရဟတ်ယာဉ်ဖြင့်လည်း တိုက်ခိုက်လာကြောင်း၊ ကျွန်းရင်းရွာ၊ ရေကျော်ရွာတို့ကို ယနေ့ မနက်တွင် ရဟတ်ယာဉ် ဖြင့်လာရောက်တိုက်ခိုက်ခဲ့ပြီး ရေကျော်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက် PDFက ပြောသည်။

Public Service Announcement

စစ်ကောင်စီတပ် စစ်ကြောင်း၏ လက်ချက်ကြောင့် နတ်စင်ကုန်းရွာမှ အမဲသားရောင်းသည့် ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး ရဟတ်ယာဉ်ဖြင့်တိုက်ခိုက်ခြင်းကြောင့် ကျွန်းရင်း/ကျွန်းပင်ရွာမှ အသက် ၆၅ နှစ်အရွယ် အဖိုးအိုတစ်ဦး သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်းနှင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်လာခြင်းမှာ စစ်ကောင်စီအရာရှိ အပါအဝင် ၇ဦးနှင့် တွဲကားကို PDF တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း၊ ယမန်နေ့ ဧပြီ ၆ရက်က ပျူစောထီးများအားကောင်းသည့် ဒီးဒုတ်ရွာမှ ပျူစောထီးများကို မိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်း တို့နှင့် သက်ဆိုင်နိုင်ကြောင်း ပေါက် PDFက ပြောသည်။

“ ကျွန်တော်တို့ ထောင်ထားတဲ့ တိုက်မိုင်းထိပြီး ဆိုင်ကယ် ၁၁စီးနဲ့လာတဲ့အထဲက ၂ကောင်သေသွားပါတယ်။ဖြစ်စဉ်နှစ်ရပ်အပေါ် မူတည်ပြီး သူတို့က လုပ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ဖမ်းမိထားသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ၇ဦးလုံး ကျဆုံးသွားကြောင်း ဒေသတွင်း သတင်းဌာန အချို့က ဖော်ပြသော်လည်း ပေါက် PDF တပ်ရင်း(၄) တာဝန်ရှိသူကမူ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးနှင့်ပတ်သက်ပြီး လတ်တလော သတင်းထုတ်ပြန်ရန် မရှိသေးဟု ပြောသည်။

သို့ရာတွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ကုန်ကြမ်းတင်တွဲယာဉ်မှ ယာဉ်မောင်း အရပ်သားများကိုမူ ခေါ်ယူစောင့်ရှောက်ထားသည်ဟု ပြောသည်။

“အရပ်သားယာဉ်မောင်းတွေလည်း ခေါ်ထားပါတယ်။ သူတို့ကိုတော့ သေနတ်ထောက်ပြီး မောင်းခိုင်းတယ်လို့ ပြောပါတယ်။ သူတို့ မပြန်ရဲသေးလို့ ကျွန်တော်တို့နဲ့ပဲ ခေါ်ထားပါတယ်”ဟု ပေါက် PDF တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်မှ မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နိုင်၍ ဒေသခံ ပြည်သူများသတိပြုနေထိုင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

“တက်နိုင်သမျှ စကစ စစ်ကြောင်းတွေနဲ့ ကင်းအောင်နေ သူတို့နဲ့လွတ်ရာကို ရှောင်ဖို့ပဲ ပြောချင်ပါတယ်”ဟု ပေါက် PDF တပ်ရင်း(၄)တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်ရောက်ခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတွေတင်မကဘဲ ၎င်းတို့ကို တော်လှန်နေတဲ့ဒေသတွေရဲ့ မြို့ကြီးတွေမှာပါ လမ်းလျှောက်သင်္ကြန်တွေအပါအဝင် မဏ္ဍပ်ကြီးတွေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ်လုပ်လာခဲ့တယ်။ ပြည်သူတွေ ပျော်ရွှင်နေကြပါတယ်ဆိုတဲ့ပုံရိပ််ကိုတည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ပြည်သူတွေ တကယ်ပျော်နေကြပါရဲ့လား။

သတင်း

■စစ်အုပ်စုကPDF ရဲဘော်အချို့ကိုလိမ်လည်စည်းရုံး၊တော်လှန်ရေးနယ်မြေသတင်းတွေတန်ပြန် ထောက်လှမ်း၊ ​တော်လှန်​ရေးတပ်​တွေရဲ့ထောင် ၊ ဆေးခန်း နဲ့ အရာရှိနေထိုင်ရာနေရာတွေကိုအဓိက မေးပြီး လေကြောင်းဗုံးကြဲ ​ဧပြီ-၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring ​ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF)ရဲ့ နယ်မြေအတွင်း သတင်းထောက်လှမ်းဖို့ စေလွှတ်ခြင်းခံရတဲ့ ရဲဘော်ဟောင်းတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် စစ်ကောင်စီရဲ့ ထောက် လှမ်းရေးကွန်ယက်လည်ပတ်ပုံတွေကိုအသေးစိတ် Public Service...

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမကြီးကို ဒီနေ့ (ဧပြီလ ၂ ရက်) မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စတင်ဖွင့်လှစ်လိုက်ပြီး အိမ်စီးကားငယ်တွေနဲ့ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာနေကြတယ်လို့ဒေသခံတွေဆီကသိရပါတယ်။