Connect with us

Hi, what are you looking for?

News

မြန်မာအလုပ်သမားတစ်သိန်းကျော်ကို MoU စနစ်ဖြင့်ထိုင်း တရားဝင်ခေါ်ယူမည်

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အတွက် ထိုင်းနိုင်ငံသို့ နေ့စဉ် တရားမဝင် ဝင်ရောက်မှုများရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိသည်။

မြန်မာ​​ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်အပါအဝင် အိမ်နီးချင်း ၃နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၄၀,၀၀၀ ကို ထိုင်းနိုင်ငံက ခေါ်ယူမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာဌာန(DoE)က ဘန်ကောက်ပို့စ်ကို ပြောသည်။

ထိုင်းနိုင်ငံသည် နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ​ရွှေ့​ပြောင်းအလုပ်သမား ၁၆၇,၉၆၁ တို့၏ လျှောက်လွှာများကို လက်ခံထားကြောင်း နှင့် ၁၄၄,၇၀၉ ဦးကို အတည်ပြုလက်ခံထားကြောင်း DoE ညွှန်ကြားရေးမှူး Pairoj Chotikasathien က ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာနိုင်ငံက အများဆုံးဖြစ်ပြီး ၁၁၇,၀၂၉ ဦးပါဝင်ကြောင်းသိရသည်။

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အတွက် ထိုင်းနိုင်ငံသို့ နေ့စဉ် တရားမဝင် ဝင်ရောက်မှုများရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။