Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာအလုပ်သမားတစ်သိန်းကျော်ကို MoU စနစ်ဖြင့်ထိုင်း တရားဝင်ခေါ်ယူမည်

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အတွက် ထိုင်းနိုင်ငံသို့ နေ့စဉ် တရားမဝင် ဝင်ရောက်မှုများရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိသည်။

မြန်မာ​​ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော်အပါအဝင် အိမ်နီးချင်း ၃နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၄၀,၀၀၀ ကို ထိုင်းနိုင်ငံက ခေါ်ယူမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားရေးရာဌာန(DoE)က ဘန်ကောက်ပို့စ်ကို ပြောသည်။

ထိုင်းနိုင်ငံသည် နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် ခေါ်ယူမည်ဖြစ်ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ ​ရွှေ့​ပြောင်းအလုပ်သမား ၁၆၇,၉၆၁ တို့၏ လျှောက်လွှာများကို လက်ခံထားကြောင်း နှင့် ၁၄၄,၇၀၉ ဦးကို အတည်ပြုလက်ခံထားကြောင်း DoE ညွှန်ကြားရေးမှူး Pairoj Chotikasathien က ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများတွင် မြန်မာနိုင်ငံက အများဆုံးဖြစ်ပြီး ၁၁၇,၀၂၉ ဦးပါဝင်ကြောင်းသိရသည်။

အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာသည့်အတွက် ထိုင်းနိုင်ငံသို့ နေ့စဉ် တရားမဝင် ဝင်ရောက်မှုများရှိနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။