Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏သင်္ကြန်ပွဲ ပူးပေါင်းပါဝင်မည့်သူများ သရဏဂုံတင်ထားကြဟု ဗန်း​မော် PDF သတိပေး

တော်လှန်ရေးကာလတွင် သက်ြန်တွင်း ရေမစားကြရန် နယ်ပယ်အသီးသ်ီးကတောင်းဆိုနေချိန် ပုံမှန်ထက်ပြင်းထန်သည့် သတိပေးချက်ကို ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် BPDFက ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

စစ်အာဏာရှင်တော်လှန်ရေး မပြီးပြတ်သေး၍ သင်္ကြန်တွင် ရေမကစားခြင်းဖြင့် သပိတ်မှောက် ပါဝင်ပေးကြရန်နှင့် စစ်ကောင်စီက ကျင်းပမည့်သင်္ကြန်ပွဲတွင် ပူးပေါင်းပါဝင်မည့်သူများအားလုံး သရဏဂုံ တင်ထားကြဟု ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – BPDFက သတိပေးထုတ်ပြန်လိုက်သည်။

တော်လှန်ရေးကာလတွင် သက်ြန်တွင်း ရေမစားကြရန် နယ်ပယ်အသီးသ်ီးကတောင်းဆိုနေချိန် ပုံမှန်ထက်ပြင်းထန်သည့် သတိပေးချက်ကို ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် BPDFက ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

” ပြည်သူတို့၏ သွေးများကားမခမ်းခြောက်သေးပါ၊ နွေဦးတော်လှန်ရေးကြီးသည်ကား မပြီးဆုံးသေးပါ။ သို့ပါ၍ မကြာမီရောက်ရှိလာမည့် သင်္ကြန်ကာလအား ​ရေမကစားခြင်းဖြင့် သပိတ်မှောက်ပါဝင်ပေးကြရန်နှင့် စစ်ခွေးအုပ်စုမှ ကျင်းပမည့် ခွေးသင်္ကြန်ပွဲတွင် မြူးထူးကရန် လှည့်လည်ကြမည့်သူများ၊ ပူးပေါင်းပါဝင်ကြသူများအနေဖြင့်လည်း ကြိုတင်၍ သရဏဂုံ တင်ထားကြပါရန် အသိပေးလိုက်သည်”ဟု BPDFက ယမန်နေ့(ဧပြီ ၇ရက်)က ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော အပြုအမူများကို ဖုံးကွယ်လိုသော စိတ်ယုတ်များဖြင့် ကျင်းပမည့် သင်္ကြန်ကို ဗန်းမော်မြို့ခံများလိပ်ပြာလုံလုံဖြင့် ပါဝင်နိုင်ကြပါမည်လားဟုလည်း မေးခွန်းထုတ်ထားသည်။

Public Service Announcement

Public Service Announcement

တိုင်းပြည်တွင် မည်သည့်ပြဿနာမှမရှိသယောင် ကမ္ဘာကို လိမ်လည်ပြသရန်အတွက် သက်ြန်ပွဲ​လူစည်ကားအောင် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟုလည်း BPDF ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ကျင်းပမည့် သက်ြန်ပွဲတော်ကို ဆန့်ကျင်ကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ရှေ့တန်းရောက် ပြည်သူ့ရဲဘော်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စစ်အာဏာ ရှင်အား ဆန့်ကျင်နေသည့် ပြည်သူများက တိုက်တွန်းနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။