Connect with us

Hi, what are you looking for?

News

စစ်တပ်အတွက် ကျပ်ဘီလီယံ ၃၇၀၀ ကျော် သုံးစွဲမယ့် စစ်အုပ်စုရဲ့ဘတ်ဂျက်

ဒီဘတ်ဂျက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး မတ်လ ၂၉ ရက်က အတည်ပြုလိုက်တာပါ။

အာဏာသိမ်းစစ်ကောင်စီ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဒီနှစ် ၂၀၂၂ − ၂၀၂၃ ခုနှစ်ဘတ်ဂျက်မှာ စစ်တပ်အတွက် ကျပ်ဘီလီယံ ၃၇၀၀ ကျော် သုံးစွဲမှာဖြစ်ပါတယ်။

ဒီဘတ်ဂျက်ကို အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် လက်မှတ်ထိုးပြီး မတ်လ ၂၉ ရက်က အတည်ပြုလိုက်တာပါ။

စစ်တပ်အတွက် အသုံးစရိတ်ဟာ ထုံးစံအတိုင်း တိုင်းပြည်အတွက် အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ နှစ်ခုမှာ သုံးစွဲမယ့် ငွေပမာထက် များပြားတာကိုတွေ့ရပါတယ်။

ပညာရေးအတွက် စစ်ကောင်စီဟာ ကျပ်ဘီလီယံ ၂၁၀၀ ကျော် သုံးစွဲမယ်လို့ ထည့်ဆွဲထားသလို ကျန်းမာရေးအတွက် ကျပ်သန်း ၈ သိန်း ၆ သောင်းကျော်သုံးစွဲမယ်လို့ ထည့်ဆွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ပညာရေး နဲ့ကျန်းမာရေး ကဏ္ဍ တွေမှာ သုံးစွဲမယ့် ငွေကြေးဟာ ကျပ်ဘီလီယံ ၃၀၀၀ ကျော်သာ ရှိပါတယ်။

ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် လျော့နည်းတဲ့မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အသုံးစရိတ် ဟာ နှစ်စဉ် မြင့်တက်နေဆဲဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်က NLD အစိုးရ နောက်ဆုံးရေးဆွဲခဲ့တဲ့ ၂၀၂၀ − ၂၁ ဘတ်ဂျက်မှာဆိုရင် စစ်တပ်အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၃၄၀၀ ကျော်ရှိခဲ့ပါတယ်။

ဘတ်ဂျက်ကို စိစစ်ဖြတ်တောက်တဲ့ လွှတ်တော်မရှိတဲ့ အာဏာသိမ်းကာလ မှာတော့ စစ်အုပ်စုဟာ ဘတ်ဂျက်ကို စိတ်ကြိုက်ရေးဆွဲခွင့်ရနေတာပါ။

အာဏာသိမ်းပြီး တဲ့နောက် အရပ်သားအစိုးရ လက်ထက်က သုံးစွဲခဲ့တဲ့ ဘတ်ဂျက် နှစ်သတ်မှတ်ချက်ကို ပြန်ပြင်ခဲ့ပါသေးတယ်။

ဘတ်ဂျက်နှစ်ပြန်ပြန်တဲ့အတွက် ၂၀၂၂ −၂၃ ခုနှစ် ဘတ်ဂျက်နှစ်အသစ်မစတင်မီ ကြားကာလ ခြောက်လတာ ဘတ်ဂျက်မှာတင် စစ်တပ်အတွက် ကျပ်ဘီလီယံ ၁၇၀၀ ကျော် သုံးစွဲခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook