Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ အနီးကပ်တိုက်ခိုက်ခံရပြီး သုံးဦးသေ

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးသည်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီး လက်နက်များရယူရန်ကြိုပမ်းသော်လည်း ဇီးဖြူကုန်းရွာစခန်းမှ ပြန်လည်ပစ်ခတ်သောကြောင့် ဆုတ်ခွာခဲ့ရသည်ဟု အသိပေးသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်က ယနေ့(ဧပြီ ၉)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီခွဲတွင် ပုလဲမြို့နယ် ဇီးဖြူကုန်းရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဖြူစောထီးအဖွဲ့များ စခန်းအပြင်ဘက်ထွက်၍ ပြည်သူ့လယ်ယာများမှ ပဲများကို လှည်းပေါ်တင်နေစဥ် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံးသုံးဦးသေဆုံးသည်ကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီး လက်နက်များရယူရန်ကြိုပမ်းသော်လည်း ဇီးဖြူကုန်းရွာစခန်းမှ ပြန်လည်ပစ်ခတ်သောကြောင့် ဆုတ်ခွာခဲ့ရသည်ဟု အသိပေးသည်။

အထက်ပါကဲ့သို့ စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုရှိသော်လည်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။