Connect with us

Hi, what are you looking for?

News

NUG အပါအဝင် ဒီမိုကရေစီအရေးကြိုးပမ်းသူအားလုံးအမေရိကန် ဆက်လက်ကူညီမည်ဟု USAID ဒုတိယအကြီးအကဲပြော

NUG နှင့် အမေရိကန်အစိုးရ၏ ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသည့် လူ့အခွင့်အရေး ဗဟိုချက်ချာကျမှုကို USAID ဒုတိယအကြီးအကဲက ထည့်သွင်းဆွေးနွေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် ဒီမိုကရေစီအရေးကြိုးပမ်းလှုပ်ရှားမှုများကို အမေရိကန်က ဆက်လက်အားပေးထောက်ခံမည်ဟု USAID ဒုတိယအကြီးအကဲက ပြောသည်။

USAID(အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ) ဒုတိယအကြီးအကဲ Isobel Coleman သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဧပြီ ၈ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာ့ပဋိပက္ခနှင့် အားလုံးပါဝင်သော မြန်မာ့ဒီမိုက ရေစီလမ်းကြောင်းပေါ် ပြန်သွားရေး ကူညီပေးရန် ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည့် USAID ၏ ကတိကဝတ်နှင့် ဒီမိုကရေစီ မြှင့်တင်ရေး၊ တရားမျှတရေး၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ကြောက်မက်ဖွယ်ဖိနှိပ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိစေရေး၊ တက်ကြွလှုပ်ရှားသူများနှင့် ငြိမ်းစွာဆန္ဒပြသူများအပေါ် စစ်တပ်၏အကြမ်းဖက်မှု စသည်တို့ကို Isobel Colemanက အလေးပေး ဆွေး နွေးသည်။

NUG နှင့် အမေရိကန်အစိုးရ၏ ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသည့် လူ့အခွင့်အရေး ဗဟိုချက်ချာကျမှုကို USAID ဒုတိယအကြီးအကဲက ထည့်သွင်းဆွေးနွေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုင်းရင်းသားနှင့် ဘာသာရေးလူမျိုးအားလုံးအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် လူ့အခွင့်အရေးမြှင့်တင်ရေး မဆုတ်မနစ်ပူးတွဲကြိုးပမ်းမှုအတွက် ဝန်ကြီးဦးအောင်မျိုးမင်းကို ကျေးဇူးတင်ကြောင်းလည်း Isobel Coleman က ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။