Connect with us

Hi, what are you looking for?

LuduNwayOo

News

NUG အပါအဝင် ဒီမိုကရေစီအရေးကြိုးပမ်းသူအားလုံးအမေရိကန် ဆက်လက်ကူညီမည်ဟု USAID ဒုတိယအကြီးအကဲပြော

NUG နှင့် အမေရိကန်အစိုးရ၏ ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသည့် လူ့အခွင့်အရေး ဗဟိုချက်ချာကျမှုကို USAID ဒုတိယအကြီးအကဲက ထည့်သွင်းဆွေးနွေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် ဒီမိုကရေစီအရေးကြိုးပမ်းလှုပ်ရှားမှုများကို အမေရိကန်က ဆက်လက်အားပေးထောက်ခံမည်ဟု USAID ဒုတိယအကြီးအကဲက ပြောသည်။

USAID(အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ) ဒုတိယအကြီးအကဲ Isobel Coleman သည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဧပြီ ၈ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ ဆက်လက်ဖြစ်ပွားနေဆဲ မြန်မာ့ပဋိပက္ခနှင့် အားလုံးပါဝင်သော မြန်မာ့ဒီမိုက ရေစီလမ်းကြောင်းပေါ် ပြန်သွားရေး ကူညီပေးရန် ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်မည့် USAID ၏ ကတိကဝတ်နှင့် ဒီမိုကရေစီ မြှင့်တင်ရေး၊ တရားမျှတရေး၊ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ကြောက်မက်ဖွယ်ဖိနှိပ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိစေရေး၊ တက်ကြွလှုပ်ရှားသူများနှင့် ငြိမ်းစွာဆန္ဒပြသူများအပေါ် စစ်တပ်၏အကြမ်းဖက်မှု စသည်တို့ကို Isobel Colemanက အလေးပေး ဆွေး နွေးသည်။

NUG နှင့် အမေရိကန်အစိုးရ၏ ဆက်ဆံရေးကို အထောက်အပံ့ဖြစ်စေသည့် လူ့အခွင့်အရေး ဗဟိုချက်ချာကျမှုကို USAID ဒုတိယအကြီးအကဲက ထည့်သွင်းဆွေးနွေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုင်းရင်းသားနှင့် ဘာသာရေးလူမျိုးအားလုံးအပါအဝင် မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက် လူ့အခွင့်အရေးမြှင့်တင်ရေး မဆုတ်မနစ်ပူးတွဲကြိုးပမ်းမှုအတွက် ဝန်ကြီးဦးအောင်မျိုးမင်းကို ကျေးဇူးတင်ကြောင်းလည်း Isobel Coleman က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။