Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်အာဏာသိမ်းမှုတွင် ကရင်နီပြည်နယ်၌ ဖမ်းဆီးခံရသူ ၂၂၁ ဦးရှိ၊ ၉၄ဦးကို တစ်သက်တစ်ကျွန်းအပါအဝင် အမိန့်များချမှတ်ခံထားရ

မတရားဖမ်းဆီးထောင်ချခံရမှုတွင် ပုဒ်မ ၅၀၅-ကဖြင့် စွပ်စွဲခံရသူများအနက် ၇၆ဦးကို သုံးနှစ်စီထောင်ချခဲ့ပြီး ငါးဦးကို နှစ်နှစ်စီ ချမှတ်ခဲ့သည်ဟု ဆိုသည်။

(ကရင်နီပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြ နေသည်ကို ၂၀၂၁ဖေဖော်ဝါရီက တွေ့ရစဥ်)

စစ်တပ်၏အာဏာသိမ်းဖြစ်စဥ်ကို ကန့်ကွက်မှုကြောင့် ကရင်နီ(ကယား) ပြည်နယ်တွင် ဖမ်းဆီခံရသူပေါင်း ၂၂၁ ဦးအနက် ၉၄ဦးကို တစ်သက်တစ်ကျွန်း အပါအဝင် အမိန့်များအသီးသီးချမှတ်ခံထားရကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန် သည်။

မတရားဖမ်းဆီးထောင်ချခံရမှုတွင် ပုဒ်မ ၅၀၅-ကဖြင့် စွပ်စွဲခံရသူများအနက် ၇၆ဦးကို သုံးနှစ်စီထောင်ချခဲ့ပြီး ငါးဦးကို နှစ်နှစ်စီ ချမှတ်ခဲ့သည်ဟု ဆိုသည်။

ပုဒ်မ ၅၀၅-ခဖြင့် စွပ်စွဲခံရသူ တစ်ဦးကို နှစ်နှစ် ၊ ပုဒ်မ ၅၂-က ဖြင့် စွပ်စွဲခံရသူတစ်ဦးကို ငါးနှစ် နှင့် ပုဒ်မ ၁၇ /၁ ဖြင့် ခုနှစ်ဦးကို ထောင်ဒဏ်သုံးနှစ်စီ မတရားပြစ်ဒဏ်များချမှတ်ခဲ့သည်။

ထို့အပြင် ၅၀၅၊၁၇/၁၊ ၅၀၊၅၂၊ ၁၂၄ နှင့် ၃၀၂ ပုဒ်မ များဖြင့် စွပ်စွဲခံရသူ လေးဦးကိုမူ ထောင်ဒဏ်တသက်တကျွန်းကျခံရန် အကြမ်းဖက်စစ်ကောင်စီက ချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့သည့် လေးဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ခုခံသတ်ဖြတ်ကာ အဖမ်းဆီးခံရပြီ စစ်ကောင်စီမှ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲပြီး အမိန့်ချခဲ့ခြင်းဟု PKPF က အသိပေးသည်။

စစ်ကောင်စီ၏ အမိန့်ချမှတ်ခံခဲ့ရပြီးသူများမှာ CDM လှုပ်ရှားမှုများတွင်ပါဝင်သူ၊PDF နှင့် ဆက်နွယ်သည်ဟူ စွပ်စွဲခံရသူများနှင့် လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့ သူများဟု သိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၌ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင် လမ်းစဥ်ဖြင့် တွန်လှန်နိုင်နေပြီး နေ့စဥ်နှင့်အမျှ ထိတွေ့တိုက်ပွဲ များလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ခဲ့ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ကနဦး အသိပေးသည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။