Connect with us

Hi, what are you looking for?

News

စစ်တပ်အာဏာသိမ်းမှုတွင် ကရင်နီပြည်နယ်၌ ဖမ်းဆီးခံရသူ ၂၂၁ ဦးရှိ၊ ၉၄ဦးကို တစ်သက်တစ်ကျွန်းအပါအဝင် အမိန့်များချမှတ်ခံထားရ

မတရားဖမ်းဆီးထောင်ချခံရမှုတွင် ပုဒ်မ ၅၀၅-ကဖြင့် စွပ်စွဲခံရသူများအနက် ၇၆ဦးကို သုံးနှစ်စီထောင်ချခဲ့ပြီး ငါးဦးကို နှစ်နှစ်စီ ချမှတ်ခဲ့သည်ဟု ဆိုသည်။

(ကရင်နီပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြ နေသည်ကို ၂၀၂၁ဖေဖော်ဝါရီက တွေ့ရစဥ်)

စစ်တပ်၏အာဏာသိမ်းဖြစ်စဥ်ကို ကန့်ကွက်မှုကြောင့် ကရင်နီ(ကယား) ပြည်နယ်တွင် ဖမ်းဆီခံရသူပေါင်း ၂၂၁ ဦးအနက် ၉၄ဦးကို တစ်သက်တစ်ကျွန်း အပါအဝင် အမိန့်များအသီးသီးချမှတ်ခံထားရကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က ယနေ့ ထုတ်ပြန် သည်။

မတရားဖမ်းဆီးထောင်ချခံရမှုတွင် ပုဒ်မ ၅၀၅-ကဖြင့် စွပ်စွဲခံရသူများအနက် ၇၆ဦးကို သုံးနှစ်စီထောင်ချခဲ့ပြီး ငါးဦးကို နှစ်နှစ်စီ ချမှတ်ခဲ့သည်ဟု ဆိုသည်။

ပုဒ်မ ၅၀၅-ခဖြင့် စွပ်စွဲခံရသူ တစ်ဦးကို နှစ်နှစ် ၊ ပုဒ်မ ၅၂-က ဖြင့် စွပ်စွဲခံရသူတစ်ဦးကို ငါးနှစ် နှင့် ပုဒ်မ ၁၇ /၁ ဖြင့် ခုနှစ်ဦးကို ထောင်ဒဏ်သုံးနှစ်စီ မတရားပြစ်ဒဏ်များချမှတ်ခဲ့သည်။

ထို့အပြင် ၅၀၅၊၁၇/၁၊ ၅၀၊၅၂၊ ၁၂၄ နှင့် ၃၀၂ ပုဒ်မ များဖြင့် စွပ်စွဲခံရသူ လေးဦးကိုမူ ထောင်ဒဏ်တသက်တကျွန်းကျခံရန် အကြမ်းဖက်စစ်ကောင်စီက ချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့သည့် လေးဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ခုခံသတ်ဖြတ်ကာ အဖမ်းဆီးခံရပြီ စစ်ကောင်စီမှ ပုဒ်မအမျိုးမျိုးဖြင့် တရားစွဲပြီး အမိန့်ချခဲ့ခြင်းဟု PKPF က အသိပေးသည်။

စစ်ကောင်စီ၏ အမိန့်ချမှတ်ခံခဲ့ရပြီးသူများမှာ CDM လှုပ်ရှားမှုများတွင်ပါဝင်သူ၊PDF နှင့် ဆက်နွယ်သည်ဟူ စွပ်စွဲခံရသူများနှင့် လက်နက်နှင့်တကွ ဖမ်းဆီးရမိခဲ့ သူများဟု သိရသည်။

လက်ရှိတွင် ကရင်နီပြည်နယ်၌ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင် လမ်းစဥ်ဖြင့် တွန်လှန်နိုင်နေပြီး နေ့စဥ်နှင့်အမျှ ထိတွေ့တိုက်ပွဲ များလည်းရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။