Connect with us

Hi, what are you looking for?

News

နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် အနုပညာရှင် ၁၅ဦးကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် GSCB တိုက်တွန်း

နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပူးပေါင်းသည်ဆို သည့် နာမည်ကြီးအနုပညာရှင် ၁၅ဦးကို လူမှုရေး ပြစ်ဒဏ်ချမှတ်ရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body-GSCB)အဖွဲ့က တိုက်တွန်းသည်။

“ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ”ဟုဆိုကာ စစ်တပ်နှင့် ပူးပေါင်းသော၊ စစ်တပ်နှင့်ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစ အချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော၊ အစပိုင်းတွင်ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ Social influencer များ လူမှုပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်”ဟု ဧပြီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါအနုပညာရှင်များမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ၊ရန်အောင်၊ ခန့်စည်သူ၊ရဲအောင်၊ မြင့်မြတ် ၊ အောင်ရေချမ်း ၊ ဒိန်းဒေါင် ၊ စိုးမြတ်သူဇာ ၊ စိုးမြတ်နန္ဒာ ၊နန္ဒာလှိုင် ၊ အေးမြတ်သူ ၊ မယ်လိုဒီ ၊ ဝတ်မှုန်ရွှေရည်နှင့် မိုးစက်ဝိုင်တို့ပါဝင်သည်။

“အဆိုပါအနုပညာရှင်များသည် ပြည်သူ့ဘက်ကို မျက်နှာမမူ၊ ပြည်သူတွေ ကျွေးတဲ့ထမင်းစားပြီး ပြည်သူတွေရဲ့ဒုက္ခကို မစာနာ မထောက်ထားဘဲ ဖက်ဆစ်စစ်တပ်ကို ထောက်ခံအားပေးသော၊ ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းသောအလုပ်လုပ်ကိုင်သော၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့မရှိသော၊ follower ကျမှာကြောက်၍ အယောင်ဆောင်ဆန္ဒပြခဲ့ကြသော အနုပညာရှင်များသာဖြစ်ကြသည်။”ဟု GSCB ၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“အနုပညာအလုပ် လုပ်တာကိုတော့ အသက်မွေးကျောင်းဆိုတော့ ဝမ်းရေး အခက် အခဲအကြပ်အတည်းအရအပြစ်တော့ သိပ်မမြင်မိဘူး။တစ်ခုရှိတာက ကိုယ့်အလုပ်ကိုယ်လုပ်တဲ့ အချိန်မှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ သဘောထားကို လျစ်လျူမရူ့မိဖို့ပဲ။SPကတော့ လုပ်ကိုလုပ်ရမှာ”ဟု ပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ အညာဒေသအပါအဝင် တိုင်းရင်းသားဒေသကပြည်သူတွေကို ကူညီပေးဖို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လန်ဒန်မြို့မှာ ပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် အဆိုတော် ချမ်းချမ်းက အသိ‌ပေးထားပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့တပတ်က လူမှုကွန်ရက်စာမျက်နှာမှာ အမေရိကန်နိုင်ငံ၊ San Francisco Bay Area မှာ ကျင်းပခဲ့တဲ့ "အဝေးရောက် နတ်မင်းများ ဂီတနှင့်သရော်ပြဇာတ် အထူးဖျော်ဖြေပွဲ"အကြောင်း သတင်းတွေ မြင်ခဲ့ရတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

မနေ့က မန္တလေးမြို့မှာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲ လူနှစ်သောင်းကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဆို လူများလွန်းလို့ ရာသီဥတုကလည်း ပူနေတာကြောင့် မူးလဲတာတွေအထိ ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ အတော်​လေး အောင်မြင်ခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။

Facebook