Connect with us

Hi, what are you looking for?

News

ပျောက်ဆုံးနေသည့် ကလေးမြို့ခံလူငယ်တစ်ဦး နှစ်ရက်အကြာတွင် စစ်ဆေးရုံ၌ ရုပ်အလောင်းပြန်တွေ့

“ဆိုင်ကယ်နဲ့ စျေးထွက်ဝယ်တာ။ ပြန်ရောက်မလာတော့ လူပျောက်ကြော်ငြာထားသေးတယ်။ ဆုတောင်းမပြည့်ခဲ့ပါဘူး။ ရင်ခွဲရုံမှာ အလောင်းပဲ ပြန်တွေ့တယ်”ဟု ကိုလျန်၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် နေအိမ်ပြင်ပသို့ ထွက်သွား​ပြီး​နောက် ပျောက်ဆုံးနေသည့် လူငယ်အမျိုးသားတစ်ဦးကို သေနတ်ဒဏ်ရာများနှင့် အကြမ်းဖက်စစ်​ကောင်စီ၏ စစ်ဆေးရုံ၌ သေဆုံးလျက် ပြန်တွေ့ခဲ့သည်။

ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ (၁၀)တွင်နေထိုင်သော (၂၃)နှစ်အရွယ် ကိုလျန်သည် ဧပြီ ၈ရက်က ပျောက်ဆုံးသွားခြင်းဖြစ်သည်။

“ဆိုင်ကယ်နဲ့ စျေးထွက်ဝယ်တာ။ ပြန်ရောက်မလာတော့ လူပျောက်ကြော်ငြာထားသေးတယ်။ ဆုတောင်းမပြည့်ခဲ့ပါဘူး။ ရင်ခွဲရုံမှာ အလောင်းပဲ ပြန်တွေ့တယ်”ဟု ကိုလျန်၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။

ကိုလျန်၏ ရုပ်အလောင်းကို ဧပြီ ၁၀ရက်ညနေတွင် ပြန်တွေ့ခြင်းဖြစ်သည်။ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိိထားပြီး မျက်နှာနှင့် ခန္တာကိုယ်တွင် ဖူးရောင်ဒဏ်ရာများတွေ့ရသည်ဟု မြို့ခံများက ဆိုသည်။ ကိုလျန်၏ စျာပနကို မိသားစုနေအိမ်တွင် ယနေ့ ပြုလုပ်မည်ဖြစ်သည်။

Public Service Announcement

Public Service Announcement

ကလေးမြို့နယ်တွင် ကိုလျန်အပြင် ပျောက်ဆုံးနေသူလူငယ်အချို့လည်း ကျန်ရှိနေသေးသည်ဟု မြို့ခံအချို့က ပြောသည်။

ကလေးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေပြီး အရပ်သားများကို စစ်ကောင်စီက ဖမ်းဆီးခြင်း၊သတ်​ဖြတ်ခြင်း၊ ငွေကြေးဖြင့် ပြန်ရွေးခိုင်းခြင်းများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

Facebook