Connect with us

Hi, what are you looking for?

News

ကလေးမြို့ နတ်ချောင်းရွာကို အ​ကြမ်းဖက်စစ်ကောင်စီတပ် ထပ်မံမီးရှို့ ဖျက်ဆီးနေ

စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရသည့်နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်ကစ၍ မီးရှို့နေခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသည့် နတ်ချောင်းရွာအား အဝေးမှ လှမ်းမြင်ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ နတ်ချောင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၁၁ရက်)နံနက်မှစတင်ကာ နောက်တစ်ကြိမ် မီးရှို့ဖျက်ဆီးနေသည်ဟု စစ်ဘေးရှောင်နေရ သူများက ပြောသည်။

စစ်ကောင်စီတပ်ရန်ကြောင့် ဒေသခံများနေရပ်စွန့်ခွာထွက်ပြေးနေရသည့်နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်ကစ၍ မီးရှို့နေခြင်းဖြစ်သည်။

“ မနေ့တည်းက စစ်ကြောင်းတွေ့လို့ စိတ်ပူနေတာ။ ထုံးစံအတိုင်း ဒီမနက် မီးရှို့နေပြီ။ ရွာဘက်ကနေ တက်လာတဲ့ မီးခိုးလုံးမြင်ရတိုင်း အသဲနာတယ်” ဟု အဆိုပါရွာနှင့် မလှမ်းမကမ်းရှိ တောင်ယာတွင် စစ်ဘေးရှောင်နေရသူတစ်ဦးက ပြောသည်။

အိမ်ခြေ နှစ်ထောင်နီးပါးရှိသော နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၁ ဒီဇင်ဘာက စတင်ကာ အကြမ်းဖက်ဖျက်ဆီးနေခြင်းဖြစ်သည်။ ​ဒေသခံ ၃၀ဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့သည်။ ဒေသခံများသည် ရွာတွင်မနေရဲ၍ တောင်ယာများတွင် တဲတိုး၍ စစ်ဘေးရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးလခန့်အတွင်း လေးကြိမ်မီးရှို့ဖျက်ဆီးခံရခြင်းဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၆ရက်က မီးရှို့ဖျက်ဆီးရာတွင် နေအိမ် ၄၀နီးပါး မီးထဲပါသွားသလို ရွာလမ်းမပေါ်တွင်လည်း” လိုရာဆုတောင်း” ဟူသော စာကို ကတ္တရာလမ်းပေါ်တွင် စစ်ကောင်စီ တပ်တပ်ကရေးပြီး လူထုကို စိန်ခေါ်ခဲ့သည်။

“ လက်နက်ကြီးနဲ့ထု၊ ပြည်သူက လန့်ထွက်ပြေး၊ ထွက်ပြေးရတဲ့အိမ်တွေက ပစ္စည်းခိုး၊ တွေ့တဲ့လူသတ်ပြီး PDF လို့ပြော၊ တွေ့ကရာအိမ် မီးရှို့၊ ဘာအဖွဲ့မျိုးဖြစ်မလဲ” ဟု စစ်ဘေးရှောင်နေရသူတစ်ဦးက စစ်ကောင်စီကို ရှုတ်ချပြောဆိုသည်။

နတ်ချောင်းရွာသည် ချင်းတောင် ဝေဘူလမြို့ထိ ကားလမ်းတစ်ဆက်တည်း ပေါက်ပြီး အချက်အချာကျ၍ စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ သို့သော် ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက နည်းမျိုးစုံဖြင့် ခုခံနေ၍ စစ်ရေးအခြေအနေ ထင်တိုင်းမပေါက်သည့် စစ်ကောင်စီက အရပ်သားများကို အငြိုးထားနေခြင်းဟု ကလေးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးမြို့ နဲ့ တမူးမြို့တွေကို လားရှိူးမြို့မှာအ​ခြေစိုက်တဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)လက်အောက်ခံတပ်ရင်းတွေကို စစ်ကောင်စီကပို့ပြီး အင်အားဖြည့်တင်းနေပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စက်တင်ဘာလဆန်းက ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ(၄)ဦးသေဆုံးပြီး အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦး ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသကထုတ်ပြန်သည်။

Facebook