Connect with us

Hi, what are you looking for?

News

စစ်ကောင်စီမှပြုလုပ်သော ပျော်ပွဲ၊ရွှင်ပွဲများနှင့် အုပ်ချုပ်​ရေးမှူးရုံးကိုပဲခူးခရိုင်PDF တိုက်ခိုက် သတိ​ပေး

စစ်​ကောင်စီအုပ်ချုပ်ရေးမှူးရုံးနှင့် စစ်ကောင်စီမှပြုလုပ်သောပျော်ပွဲရွှင်ပွဲများကို ပဲခူးခရိုင် PDFတပ်ရင်း(၁)နှင့်(၂)မှသတိပေးတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲမှ ယနေ့(ဧပြီ ၁၁)ထုတ်ပြန် သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်ပဲခူးတိုင်းစစ်ဒေသခွဲမှ တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF(ပဲခူး​ဒေသ)

တိုက်ခိုက်မှုများကို တောကျွဲအင်းမြို့၊ ပဲနွယ်ကုန်းမြို့နှင့် သနပ္ပင်မြို့နယ်တို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးနှစ်ရုံးနှင့် လောင်းကစားဝိုင်း၊ သကြ်န်မဏ္ဍပ်၊ ပျော်ပွဲရွှင်ပွဲပြုလုပ်သည့်နေရာစသည့်တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

■တောကျွဲအင်း

ယမန်နေ့(ဧပြီ ၁၀)ည ၈ နာရီခန့်တွင် တောကျွဲအင်းမြို့ အဝေရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပဲခူးခရိုင် တပ်ရင်း(၂)၊ ဗိုက်ကျောက်ခဲဦး ဆောင်သော တပ်ခွဲ(၁)က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးဆန်းလွင်ဦးနှင့် ပျူးစောထီး ကုလားလေးသန်းဇော်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အလားတူ ယင်းနေ့ည ၈ နာရီခွဲတွင်လည်း တောကျွဲအင်းမြို့ သတိပဌာန်ရပ်ကွက်ရုံးအား သတိပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

■ပဲနွယ်ကုန်း

ဧပြီ ၁၀ ရက်နေ့ည ၈ နာရီ ၅ မိနစ်တွင် ကျောက် တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ ဂွေးကုန်းကျေးရွာအထွက်တွင် အာဏာသိမ်းအကြမ်းဖက်စကစမှ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲ လောင်းကစားဝိုင်းနှင့် စတိတ်ရှိုးအနီးတွင် သတိပေးဖောက်ခွဲမှုပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

အလားတူ ယင်းနေ့ည ၈ နာရီခွဲတွင်လည်း ကြိမ် ခါးကုန်းရွာ လောင်းကစားဝိုင်းအနီးတွင် သ တိပေးသည့်အနေဖြင့် ထပ်မံဖောက်ခွဲတိုက် ခိုက်ခဲ့ပြီး ထိုသို့ပြုလုပ်ရာတွင် ပြည်သူများထိခိုက်မှုကိုရှောင်ကွင်းပြီး ပျော်ပွဲရွှင်ပွဲ ပစ္စည်းများကိုသာ သတိပေးသည့်အနေဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ဆိုသည်။

■သနပ္ပင်

ပဲခူးခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၂) သနပ္ပင် PDF က ဧပြီ ၁၀ ရက်နေ့ည ၁၂ နာရီ ၁၅ မိနစ်တွင် သနပ်ပင်မြို့တောင်ဘက်ကမ်း မြို့တွင်းဖြတ်တံတားအဆင်း (ဥာဏ်ဆောင်းစားသောက် ဆိုင်ရှေ့ )၌ စစ်ကောင်စီမှဆောက်လုပ်ထားသော သင်္ကြန်မဏ္ဍာပ်အား မိုင်းဖြင့်ဖောက်ခွဲခဲ့သည်။

ထိုဖောက်ခွဲမှုတွင် မဏ္ဍာပ်ပျက်စီးခဲ့ပြီး ည စောင့် ရဲတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ပဲခူးခရိုင် တပ်ရင်းအနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့​၏ အုပ်ချုပ်ရေးယန္တရားတွင်ပါဝင်သူများကို ယခုထက်ပိုမို အရှိန်အဟုန်မြင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် အာဏာ သိမ်းစစ်တပ်မှပြုလုပ်သော ပျော်ပွဲရွှင်ပွဲများ၊ လောင်းကစားဝိုင်းများတို့တွင်ပါဝင်ခြင်းမပြုကြရန်နှင့် စစ်ကောင်စီတပ်များနှင့် ဝေးရာတွင် နေထိုင်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook