Connect with us

Hi, what are you looking for?

LuduNwayOo

News

Project Dragonfly အတွက် ၁၀ရက်အတွင်း သိန်းလေးသောင်းခွဲဝန်းကျင်(​ဒေါ်လာ ၂ သန်း​ကျော်)ရရှိ

မြန်မာနိုင်ငံအနှံ့ လေကြောင်းမှတဆင့် ဗုံး​ကြဲတိုက်ခိုက်ကာ ပြည်သူများအား အနိုင်ကျင့်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်များအား ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် Click2donate နှင့် ပန်ဆယ်လိုတို့ ဦးဆောင်၍ အလှူငွေ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

●မူလရည်မှန်းထား​သောပမာဏထက်​လေးဆ​နီးပါးပိုရရှိ

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်ရန်အတွက် Project Dragonfly အမည်ဖြင့် အလှူငွေကောက်ခံမှု ပြုလုပ်ရာ ၁၀ ရက်အတွင်း (USD 2.2 Million) သိန်းပေါင်း လေးသောင်းခွဲ ဝန်းကျင်အထိ ရရှိခဲ့ကြောင်း Click2donate က ယနေ့ (ဧပြီ ၁၁) တွင် ထုတ်ပြန်သည်။

” ကျွန်တော်တို့ရဲ့ Dragonfly project ရဲ့ စုစုပေါင်းရငွေကတော့ USD 2.2Million ဖြစ်ပါတယ်ခင်ဗျာ။ အနည်းငယ် တိတိကျကျပြောရရင် USD 2,259,126 ဒေါ်လာဖြစ်ပါတယ်။ 2.2million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်။ အစွန်းထွက်တွေနဲ့ လုံးဝအတိအကျကတော့ ငွေလွှဲတဲ့ကိစ္စတွေပြီးမှပဲ ထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ ” ဟု Click2donate က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနှံ့ လေကြောင်းမှတဆင့် ဗုံး​ကြဲတိုက်ခိုက်ကာ ပြည်သူများအား အနိုင်ကျင့်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်များအား ပြန်လည်တုံ့ပြန်နိုင်ရန်အတွက် Click2donate နှင့် ပန်ဆယ်လိုတို့ ဦးဆောင်၍ အလှူငွေ ကောက်ခံခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်း Project Dragonfly ကို မတ်လ ၃၁ ရက် ညနေပိုင်းက စတင်၍ ဆယ်ရက်အတွင်း ကျပ်သိန်း ၁၃၀၀၀ စုကြမည် ဟု မူလက သတ်မှတ်၍ စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ မလေးရှား၊ UAE၊ ဂျပန်၊ ကိုရီးယား အစရှိသည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးမှ ပြည်သူများထံ အလှူခံ​ခြင်း ဖြစ်သည်။ထို​ကြောင့်မူလ ရည်မှန်းထား​သောပမာဏာထက် ​လေးဆနီးပါးပိုရခဲ့ခြင်းဖြစ်သည်။

သို့သော် (ဧပြီ ၆ ရက်) ၌ ဒေါ်လာ ၁ မီလီယံ ကျော် အလှူငွေ ရရှိပြီး ဖြစ်သည့်အတွက် အဓိကပစ္စည်းအပြင် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် ဒေါ်လာ ၁.၅ မီလီယံအထိ ဆက်လက်၍ အလှူခံခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီပရောဂျက်လေးကို နှစ်ယောက်ထဲလုပ်ခဲ့ရမယ်ထင်ခဲ့ပေမယ့် တကယ်လဲစရော နိုင်ငံအသီးသီးမှာရှိတဲ့ OFP အဖွဲ့တွေ individual fundraiser အဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပက fundraiser(ထောက်ပို့တာဝန်ယူထားသူတွေ) တွေ အပြင် BTS ARMY တို့လို့ kpop fandom တွေကစ အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီပေးကြတဲ့အပြင် တစ်အိမ်တက်ဆင်းလိုက်လံကောက်ခံပေးကြတဲ့ ပြည်ပရောက် အစ်ကိုအစ်မတွေပါ ဝိုင်းဝန်းကူညီပြီး ပြည်သူအားလုံးရဲ့ ပရောဂျက်တစ်ခု အနေနဲ့ကို အင်တိုက်အားတိုက်ပါဝင်ပေးခဲ့ကြတာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်လဲ ဒီ ၁၀ ရက်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာတင် သိန်းပေါင်း လေးသောင်းခွဲ ဝန်းကျင်အထိ ရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့အင်အားပါခင်ဗျာ” ဟု Click2donate က ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ပါဝင်အားဖြည့်ပေးကြသူများ၊ လှုံ့ဆော်ပေးကြသူများ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါကြောင်းနှင့် စစ်ကောင်စီ၏ လေယာဉ်များအား ပြန်လည်တုံ့ပြန်မည့် အစီအစဥ်ကိုလည်း စောင့်ကြည့်ကြပါ ဟု Click2donate က ရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုဟာနိုင်ငံတစ်ဝန်းခုခံ​တော်လှန်မှု​တွေကို တိုက်ခိုက်နိုင်ဖို့ စစ်တပ်ရဲ့ အဓိကအားသာချက်ဖြစ်တဲ့ ​လေ​ကြောင်းက​နေတိုက်ခိုက်ဖို့ ​လေယာဥ်ဆီ၊ လက်နက်ခဲယမ်း ၊​ခေတ်မီ စစ်အသုံးအ​ဆောင်​တွေဝယ်ယူနိုင်ဖို့အတွက် ​ဒေါ်လာနဲ့ နိုင်ငံခြား​ငွေ အမြဲလိုအပ်​နေတာဖြစ်ပါတယ် ။

သတင်း

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။

News

စစ်ကောင်စီက အဆိုပါ သတ်မှတ်ချက်ကို မလိုက်နာပါက ၎င်းတို့စိတ်ကြိုက်ပြင်ဆင်ထားသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမူ ဥပဒေဖြင့်အရေးယူမည်ဟုခြိမ်း​ခြောက်ထားသည်။ ထိုဥပဒေတွင် ၎င်းတို့ ထုတ်သမျှ အမိန့်များကိုမနာခံပါက ထောင်တစ်နှစ် သို့မဟုတ် ငွေဒဏ်ချမည်ဟုဆိုသည်။