Connect with us

Hi, what are you looking for?

News

ပျူစောထီးကြီးစိုးနေသောရွာအား အောင်ဆန်းတပ်ရင်း ဒရုန်းဖြင့်လေးကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်စွဲထားပြီး ပျူစောထီးကြီးစိုး နေသောရွာအား ဒရုန်းဖြင့်လေးကြိမ်တိုက်ခိုက်ခဲ့ပြီး သုံးဦးထက်မနည်းထိခိုက် သွားကြောင်း ဒေသတွင်းအခြေစိုက် Aung San Force(A.S.F)က သတင်းထုတ်ပြန်သည်။

(ရွှေဘိုခရိုင်အတွင်းရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က အကြမ်းဖက်စစ်ကောင်စီ အား ဒရုန်းဖြင့်တိုက်ခိုက်ခဲ့စဥ်။)

●စစ်​ကောင်စီ မဏ္ဍပ်များကိုဒရုန်းဖြင့်တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများ​ရေမကစားရန် သတိ​ပေး

ယနေ့(ဧပြီ၁၁ ရက်)နံနက် ၉နာရီခန့်က မုံရွာခရိုင် တပ်ရင်း (၅)၊ အောင်ဆန်းတပ်ရင်း၏ ဒရုန်းတပ်ဖွဲ့သည် ပုလဲနယ်မှ ဇီးဖြူကုန်းရွာ (ပျူစောထီးရွာ)အား ဒရုန်းဖြင့်လေးကြိမ်​တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးသုံးဦး ထိခိုက်ပြီး သေဆုံးခြင်းရှိ၊မရှိ အတည်မပြုနိုင် သေးကြောင်း မြေပြင်မှသတင်းပေးပို့လာပါသည်ဟု Aung San Force (A.S.F) က ထုတ်ပြန်သည်။

ယင်းအပြင် မုံရွာ၊ ​ချောင်းဦး၊ ယင်းမာပင်နှင့် ပုလဲမြို့ပေါ်များမှ အကြမ်းဖက် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များကို မုံရွာခရိုင်တပ်ရင်း (၅)၏ ဒရုန်းတပ်ဖွဲ့မှ အတာသင်္ကြန်ကာလအတွင်း၌ ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်သော ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်များသို့ သွားရောက်လည်ပတ်ပျော်ပါးခြင်း မပြုကြရန်လည်း သတိပေးထားသည်။

အထက်ပါ​ဖြစ်စဥ်အတွက် Aung San Force (A.S.F)သို့ ဆက်သွယ်မေးမြန်း ထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

Aung San Force (A.S.F)အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁၉ရက်က မုံရွာခရိုင်၊ ချောင်းဦး မြို့နယ်မှ ပျူစောထီးရွာဖြစ်သော ကင်မွန်းတော်ရွာမှ အပြင်သို့ ထွက်လာသော ပျူစောထီး နှင့်စစ်ကောင်စီတပ်သားအချို့အား ASF ၏ တပ်ခွဲ(၃)နှင့် CHU PDF ပူးပေါင်းတပ်တို့မှ ကင်းပုန်းဝပ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှစ်ဦး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Facebook