Connect with us

Hi, what are you looking for?

News

နွားထိုးကြီးတွင်နွား​ကျောင်းသားတစ်ဦး Mytel တာဝါတိုင်အနီးစစ်​ကောင်စီ​ထောင်ထား​သောမိုင်းနင်းမိ၍​ခြေတစ်ဖက်ပြတ်၊ စစ်တပ်ကမိုင်းပျက်စီး၍​လျော်​ကြေးငါးသိန်း​တောင်း

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ပိုင်ဆိုင်သည့် မိုင်တဲတာဝါတိုင်များ မကြာခဏဖျက်ဆီးခံနေရ၍ တာဝါတိုင်အနီးမိုင်းများ ထောင်ထားလေ့ရှိကြောင်း၊ နွားကျောင်းသားမှာ သတိလက်လွတ်ဖြစ်ပြီး ဖြတ်မိရာမှ မိုင်းနင်းမိကာ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီ၏ မိုင်တဲတာဝါတိုင်တစ်တိုင်ကို ​ဒေသခံPDFများကမိုင်းခွဲဖျက်ဆီးစဥ်။)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် မိုင်တဲတာဝါတိုင်အနီး ဖြတ်မိသည့် နွားကျောင်းသားတစ်ဦး စစ်​ကောင်စီတပ်​ထောင်ထား​သောမိုင်းနင်းမိ၍ ခြေတစ်ဖက်ပြတ်သွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့မိုင်းပျက်စီးသွား၍ လျော်ကြေး ၆ သိန်းကျပ် ပြန်တောင်းသွားကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ နံနက် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ကျီးကန်ရွာ အနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်အနီး၌ နွားကျောင်းသည့် လူငယ်တစ်ဦး ဖြတ်သန်းသွားရာ မိုင်းပေါက်ကွဲပြီး နွားကျောင်းသမား ခြေတစ်ဖက်ပြတ်သွားကြောင်း၊ ထိုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ခြေပြတ်သွားသည့် နွားကျောင်းသမားထံမှ လျော်ကြေး ၆ သိန်း တောင်းခဲ့ပြီး မပေးလျှင် ထောင်ချမည် ခြိမ်းခြောက်ခဲ့သည်ဟု သိရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ပိုင်ဆိုင်သည့် မိုင်တဲတာဝါတိုင်များ မကြာခဏဖျက်ဆီးခံနေရ၍ တာဝါတိုင်အနီးမိုင်းများ ထောင်ထားလေ့ရှိကြောင်း၊ နွားကျောင်းသားမှာ သတိလက်လွတ်ဖြစ်ပြီး ဖြတ်မိရာမှ မိုင်းနင်းမိကာ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါဖြစ်စဥ်ဟုတ်မှန်ကြောင်း နွားထိုးကြီး PDF အဖွဲ့မှရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။

Public Service Announcement

Public Service Announcement

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များသည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် PDF များအားကောင်းရာ နယ်ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook