Connect with us

Hi, what are you looking for?

News

မူးယစ်​ဆေးဝါး​အလုံး၃၅၀ နှင့်ဆက်စပ်​သောလူငယ်ငါးဦးကို KNDF ကဖမ်းဆီးအ​ရေးယူ

ဧပြီ ၅ ရက်က လွိုင်လင်လေးမြို့နေ လင်မယားနှစ်ဦးထံမှ WY မူးယစ်ဆေးပြား ၁,၂၉၃ ပြားလက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း (KNDF) တပ်ရင်း (၁၂) ကအသိပေးထားသည်။

စိတ်ကြွမူးယစ်ဆေးဝါးအလုံးရေ (၃၅၀) နှင့် ပါဝင်ပတ်သက်သူ ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က ယနေ့ (ဧပြီ ၁၂ရက်)တွင် ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၁ ရက်) ညနေ ၆နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကရင်နီပြည်နယ်ရဲဌာနသို့ အပ်နှံခဲ့ကြောင်းလည်း KNDF က ဆိုသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် မသုံးစွဲဖို့ မရောင်းချဖို့ နဂိုကတည်းက တားမြစ်ထားတာပါ။ထိထိရောက်ရောက် ဖြစ်အောင်လည်း ကျွန်တော် တို့ ကြိုးစားနေတယ်”ဟု KNDF တာဝန် ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခု ဖြစ်စဥ်အပါအဝင် ကရင်နီ(ကယား)ပြည် နယ် ၌ ဧပြီလအတွင်း မူးယစ်ဆေးဝါး သယ် ဆောင် ရောင်းဝယ် ဖောက်ကားမှု လေးကြိမ်ထက်မနည်း KNDF တပ်ရင်းများက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၅ ရက်က လွိုင်လင်လေးမြို့နေ လင်မယားနှစ်ဦးထံမှ WY မူးယစ်ဆေးပြား ၁,၂၉၃ ပြားလက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း (KNDF) တပ်ရင်း (၁၂) ကအသိပေးထားသည်။

အလားတူ ဧပြီလ ၂ရက်နှင့် ၃ရက်နေ့ နှစ်ရက်အတွင်း ကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးအလုံး လေးသောင်းသုံးထောင်ကျော်ကို မူးယစ်ရောင်းဝယ်သူနှစ်ဦးထံမှ သိမ်းဆည်းအရေးယူနိုင်ခဲ့ကြောင်း KNDF တပ်ရင်း ၉ က ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။