စိတ်ကြွမူးယစ်ဆေးဝါးအလုံးရေ (၃၅၀) နှင့် ပါဝင်ပတ်သက်သူ ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က ယနေ့ (ဧပြီ ၁၂ရက်)တွင် ထုတ်ပြန်သည်။
ယမန်နေ့ (ဧပြီ ၁၁ ရက်) ညနေ ၆နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကရင်နီပြည်နယ်ရဲဌာနသို့ အပ်နှံခဲ့ကြောင်းလည်း KNDF က ဆိုသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် မသုံးစွဲဖို့ မရောင်းချဖို့ နဂိုကတည်းက တားမြစ်ထားတာပါ။ထိထိရောက်ရောက် ဖြစ်အောင်လည်း ကျွန်တော် တို့ ကြိုးစားနေတယ်”ဟု KNDF တာဝန် ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယခု ဖြစ်စဥ်အပါအဝင် ကရင်နီ(ကယား)ပြည် နယ် ၌ ဧပြီလအတွင်း မူးယစ်ဆေးဝါး သယ် ဆောင် ရောင်းဝယ် ဖောက်ကားမှု လေးကြိမ်ထက်မနည်း KNDF တပ်ရင်းများက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဧပြီ ၅ ရက်က လွိုင်လင်လေးမြို့နေ လင်မယားနှစ်ဦးထံမှ WY မူးယစ်ဆေးပြား ၁,၂၉၃ ပြားလက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း (KNDF) တပ်ရင်း (၁၂) ကအသိပေးထားသည်။

Public Service Announcement
အလားတူ ဧပြီလ ၂ရက်နှင့် ၃ရက်နေ့ နှစ်ရက်အတွင်း ကျပ်သိန်းနှစ်ရာကျော်တန်ဖိုးရှိ မူးယစ်ဆေး ဝါးအလုံး လေးသောင်းသုံးထောင်ကျော်ကို မူးယစ်ရောင်းဝယ်သူနှစ်ဦးထံမှ သိမ်းဆည်းအရေးယူနိုင်ခဲ့ကြောင်း KNDF တပ်ရင်း ၉ က ဆိုသည်။
