Connect with us

Hi, what are you looking for?

News

သင်္ကြန်ထွက်မလည်ကြဖို့ မြ၀တီမြို့နယ်အတွင်း မဟာမိတ်တပ်ပေါင်းစုကတိုက်တွန်း

စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် မဟာသင်္ကြန်ကာလအတွင်းမှာ မိဘပြည်သူတွေအနေနဲ့ အပြင်ထွက် မလည်ကြဖို့ မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီကို တော်လှန်နေကြတဲ့ မဟာမိတ်တပ်ပေါင်းစုက ဒီကနေ့မှာကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

မိဘပြည်သူတွေအနေနဲ့ ယခင်ကျဆုံးခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေနဲ့အတူ အခုအချိန်ထိ တော်လှန်ရေးအတွက် အသက်ကိုပဓာနမထားဘဲ ပေးဆပ်ဖို့အသင့်ရှိနေတဲ့ ရဲဘော်တစ်ယောက်ချင်းစီရဲ့ ဘ၀ကို စာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်မှာ မလည်ပတ်ကြဖို့ ပြည်သူတွေထိခိုက်နစ်နာမှုမရှိစေဖို့ မဟာမိတ်တပ်ပေါင်းစုက ကြိုတင်သတိပေးပြောကြားလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တကယ်လို့ ထွက်လည်ခဲ့ရင်လည်း ကျရောက်လာမယ့်အန္တရာယ်တစုံတရာကို မဟာမိတ်တပ်ဖွဲ့ဝင်တွေက တာဝန်ယူသွားမှာမဟုတ်ဘူးလို့ မဟာမိတ်တပ်ပေါင်းစုက ကြိုတင်သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။

မဟာမိတ်တပ်ပေါင်းစုရဲ့ ထုတ်ပြန်ကြေငြာချက်နဲ့ပတ်သက်ပြီး ပြည်သူတစ်ဦးကတော့ “လုပ်သင့်တာလုပ်ပါ။ လိုက်နာဖို့အသင့်ပဲ” လို့ ပြောပါတယ်။

မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီကိုတော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ Myawaddy People Local Defense Force, တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ခွဲ(၂)၊ Dawna’s Rangers(People Denfense Force)၊ People Defense Association’s စတဲ့ အဖွဲ့တွေအားလုံးကနေစုပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ Myawaddy Local Groups အဖြစ်ကို ပေါင်းစည်းမဟာမိတ်ပြုလိုက်ပြီလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။