Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ကိုထိန်းချုပ်ဖို့ စစ်တပ်က ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဆောင်ဖို့ ကန့်သတ်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

(မြဝတီမြို့က ကရင်နယ်ခြားစောင့်တပ်ဖွဲ့-BGF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဧပြီ-၂၉၊ ၂၀၂၆။ ဒလပန်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

မြဝတီမြို့စောင့်တပ် ခလရ(၂၇၅)တပ်ရင်းမှာ ဌာနဆိုင်ရာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အစည်းအဝေးပြုလုပ်ပြီးနောက် အချက် ၈ ချက်ပါ အစည်းအဝေးမှတ်တမ်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်ရက်စွဲပါ အဲဒီအစည်းအဝေးမှတ်တမ်းမှာ မြဝတီမြို့ပေါ် ရပ်ကွက်တွေအတွင်း နေထိုင်တဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ နဲ့ လက်နက်တွေကို သက်ဆိုင်ရာရုံးတွေမှာ အပ်နှံဖို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” တော်တော်လေးကန့်သတ်လိုက်တာ။ အခုအိမ်တွေမှာတောင် ထားလို့မရဘူး။ သက်စောင့်ထားဖို့ အတိုလေးကိုင်တာတောင်မရဘူး “လို့ ကရင်လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါအပြင် ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ထားတဲ့ လက်နက်တွေတွေ့ရှိရင် တရားမဝင်လက်နက်ကိုင်ဆောင်မှုနဲ့ အရေးယူမယ်လို့ စစ်တပ်က သတိပေးထားပါတယ်။

မြို့တွင်း စားသောက်ဆိုင်တွေ ၊ ကာရာအိုကေ KTV တွေမှာ ယူနီဖောင်းဝတ်ပြီး လက်နက်တွေကိုင်ဆောင်ကာ ဝင်ရောက် စားသောက်ခြင်းမပြဖို့ကိုလည်း ကန့်သတ်ထားပါတယ်။

ဒါပြင်မြို့အတွင်း ကားတွေ တရကြမ်းမောင်နှင်ပြီး လက်နက်တွေထောင် ကိုင်ဆောင်သွားလာခြင်းမပြုဖို့ ပြောဆိုထားပါတယ်။

” ယူနီဖောင်းဆိုလည်း ဖားတစ်ပိုင်းငါးတစ်ပိုင်းတွေ သေနတ်တကားကားနဲ့ မသွားဖို့တင်းကြပ်ထားတာအခုနောက်ပိုင်းက ပြောရမယ်ဆိုရင် အရင်နဲ့ဆိုရင် အများကြီးလျော့သွားတယ်။ ကျားဖြန့်တွေဝင်ထဲကစပြီး အသွားအလာတွေ တဖြည်းဖြည်းလျော့သွားတာ။ “လို့ မြဝတီဒေသခံတစ်ဦးက ပြောပါတယ်။

မြဝတီမြို့ပေါ်မှာ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့-BGF ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA နဲ့ KNU/KNLA – PC ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ နေထိုင်လှုပ်ရှားကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာလည်း မြဝတီမြို့ အမှတ်(၄)ရပ်ကွက်က DKBA ဆက်ဆံရေးရုံးအနီးက ထိုက်တာကျားဖြန့်ဝင်းကို စစ်တပ်က ဝင်ရောက်ရှာဖွေရာကနေ နှစ်ဖက်တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့ပေါ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပြီး ဒီနေ့ မွန်းလွဲပိုင်းအထိ တိုက်လေယာဉ်တွေ ပျံသန်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

Facebook