Connect with us

Hi, what are you looking for?

News

ရတနာသိင်္ခတံတားမှ စစ်​ကောင်စီတပ်စစ်​ဆေး​ရေးဂိတ်ကို PDF တိုက်ခိုက်

ရတနာသိင်္ခတံတား ထိပ်နှစ်ဖက်လုံး၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ဂိတ်များရှိပြီး တံတားပေါ်တွင် ဆိုင်ကယ်များအား မောင်းနှင်စီးနင်းခွင့်မပြုဘဲ ပြ​ည်သူများအား တံတားတစ်လျှောက် လမ်းလျှောက်ဖြတ်သန်းခိုင်းနေသည်မှာကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ရတနာသိင်္ခတံတား(ကျောက်မြောင်းတံတား)ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏စစ်​ဆေးရေးဂိတ်အား ယနေ့နံနက်ပိုင်းကအဖွဲ့တစ်ခုမှဝင်ရောက်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက်၄ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်ခွဲနှင့်မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခတံတား အရှေ့ဘက်ခြမ်း (မန္တလေးဘက်ခြမ်း)၌ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား ဝင်ရောက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စဉ့်ကူးကျောက်မြောင်း ရတနာသိင်္ခတံတား မှာတပ်စွဲထားတဲ့ စဉ့်ကူးမြို့နယ်ဘက်အခြမ်းကဂိတ်ကို ပစ်ခတ်ခဲ့တာပါ။ အချိန်က မနက် ၄နာရီပါ။ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲပါ။ကျွန်တော်တို့ကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ပါတယ်။ ကျွန်တော်တို့ဦးတည်တိုက်ခိုက်တဲ့ဘက်ကတော့ လုံးဝပြန်မပစ်ပါဘူးဒါပေမဲ့ ကျောက်မြောင်းဘက်အခြမ်းကတော့ လှမ်းပြီး ပစ်ပါတယ်။”ဟု Singu People’s Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရတနာသိင်္ခတံတား ထိပ်နှစ်ဖက်လုံး၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ဂိတ်များရှိပြီး တံတားပေါ်တွင် ဆိုင်ကယ်များအား မောင်းနှင်စီးနင်းခွင့်မပြုဘဲ ပြ​ည်သူများအား တံတားတစ်လျှောက် လမ်းလျှောက်ဖြတ်သန်းခိုင်းနေသည်မှာကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မနက်ကကြားလိုက်တယ်။ အခုကို ကျောက်မြောင်းတံတားပိတ်ထားတယ်လို့လည်း ပြောနေကြတယ်။”ဟု ကျောက်မြောင်းဒေသခံတစ်ဦးက ပြောသည်။

ယခင်လပိုင်းအတွင်းကလည်း ကျောက်မြောင်းတံတားတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ဖူးပြီး ယနေ့ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ကျောက်မြောင်းတွင် စစ်တပ်တစ်ခုရှိပြီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စဥ့်ကူးဘက်ခြမ်းမှ စစ်ကားများတက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook