Connect with us

Hi, what are you looking for?

LuduNwayOo

News

ရတနာသိင်္ခတံတားမှ စစ်​ကောင်စီတပ်စစ်​ဆေး​ရေးဂိတ်ကို PDF တိုက်ခိုက်

ရတနာသိင်္ခတံတား ထိပ်နှစ်ဖက်လုံး၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ဂိတ်များရှိပြီး တံတားပေါ်တွင် ဆိုင်ကယ်များအား မောင်းနှင်စီးနင်းခွင့်မပြုဘဲ ပြ​ည်သူများအား တံတားတစ်လျှောက် လမ်းလျှောက်ဖြတ်သန်းခိုင်းနေသည်မှာကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ ရတနာသိင်္ခတံတား(ကျောက်မြောင်းတံတား)ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏စစ်​ဆေးရေးဂိတ်အား ယနေ့နံနက်ပိုင်းကအဖွဲ့တစ်ခုမှဝင်ရောက်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဧပြီ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက်၄ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်ခွဲနှင့်မန္တလေးတိုင်း စဥ့်ကူးမြို့နယ်တို့ကို ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခတံတား အရှေ့ဘက်ခြမ်း (မန္တလေးဘက်ခြမ်း)၌ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား ဝင်ရောက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စဉ့်ကူးကျောက်မြောင်း ရတနာသိင်္ခတံတား မှာတပ်စွဲထားတဲ့ စဉ့်ကူးမြို့နယ်ဘက်အခြမ်းကဂိတ်ကို ပစ်ခတ်ခဲ့တာပါ။ အချိန်က မနက် ၄နာရီပါ။ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲပါ။ကျွန်တော်တို့ကတော့ အထိအခိုက်မရှိဆုတ်ခွာနိုင်ပါတယ်။ ကျွန်တော်တို့ဦးတည်တိုက်ခိုက်တဲ့ဘက်ကတော့ လုံးဝပြန်မပစ်ပါဘူးဒါပေမဲ့ ကျောက်မြောင်းဘက်အခြမ်းကတော့ လှမ်းပြီး ပစ်ပါတယ်။”ဟု Singu People’s Defence Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရတနာသိင်္ခတံတား ထိပ်နှစ်ဖက်လုံး၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ဂိတ်များရှိပြီး တံတားပေါ်တွင် ဆိုင်ကယ်များအား မောင်းနှင်စီးနင်းခွင့်မပြုဘဲ ပြ​ည်သူများအား တံတားတစ်လျှောက် လမ်းလျှောက်ဖြတ်သန်းခိုင်းနေသည်မှာကြာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက်ကကြားလိုက်တယ်။ အခုကို ကျောက်မြောင်းတံတားပိတ်ထားတယ်လို့လည်း ပြောနေကြတယ်။”ဟု ကျောက်မြောင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်လပိုင်းအတွင်းကလည်း ကျောက်မြောင်းတံတားတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ဖူးပြီး ယနေ့ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ကျောက်မြောင်းတွင် စစ်တပ်တစ်ခုရှိပြီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စဥ့်ကူးဘက်ခြမ်းမှ စစ်ကားများတက်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။