Connect with us

Hi, what are you looking for?

News

ပခုက္ကူတွင် PDF နှင့်ပျူ​စောထီးထိပ်တိုက်​တွေ့၍တိုက်ခိုက်ရာ ပျူ ၃ ဦး​သေ ၊နှစ်ဦးဒဏ်ရာရဟုထုတ်ပြန်

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ဒေသတွင်း PDF ၃ဖွဲ့ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန်ပြင်ဆင်နေစဥ် ပျူစောထီးအဖွဲ့များနှင့် ​ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားရာ ပျူစောထီးသုံးဦးခန့်သေဆုံးနိုင်ကြောင်း PKU N PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

(ပခုက္ကူမြို့​ရှောင်လမ်းတစ်​နေရာ)

ယနေ့( ဧပြီလ ၁၃ ရက်နေ့ )နံနက် ၂ နာရီခန့်က ပခုက္ကူမြို့သစ် လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေချိန် ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနှင့်တွေဆုံခဲ့ရာ ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ် မှုများဖြစ်ပွားခဲ့ပြီး ကျွံလာသော ပျူစောထီးများအား ပစ်ခတ်ခဲ့ရာ ၃ ဦးသေဆုံးနိုင်ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း PKU N PDFက သတင်းထုတ်ပြန်သည်။

“ကျွန်တော်တို့ ပစ္စည်းချနေတဲ့အချိန် ပတ်ဝန်းကျင်ရဲ့တိုင်ကြားမှုကြောင့် အခုလို အနီးကပ်ထိတွေ့မှုဖြစ်ခဲ့တာဗျ။ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှု(အစစ အရာရာ အကုန်ပေါ့)နည်းတယ်ခင်ဗျ။ ကူညီမှု ထောက်ပံ့မှုတွေနည်းလို့ အခုလို အခက်အခဲနဲ့ အနီးကပ်ထိတ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ရတာဗျ။ တဖြည်းဖြည်းနဲ့ မြင်ရ၊ ကြားရတဲ့အတိုင်းပဲ တိုက်ပွဲတွေ အရမ်းစိပ်တဲ့အတွက် ပြည်သူများအနေဖြင့် စကစ၊ ရခ၊ ပျူစောထီးတို့နဲ့ အဝေးနိုင်ဆုံး အဝေးမှာနေဖို့ကို ပြည်သူများကို မှာကြားချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့လည်း ရှေ့လျှောက် သတိပေးစာတွေထုတ်ပြန်မှာ မဟုတ်တော့သလို၊ သတိပေးစာတွေ ထုတ်ပြန်ရမယ့်အချိန်တွေလည်း မဟုတ်တော့တဲ့အတွက် ပြည်သူများ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်(အသက်ကို ဉာဏ်စောင့်ပေါ့) နေကြဖို့လဲ ပြောကြားချင်ပါတယ်။”ဟု PKU N PDF တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ (ဧပြီလ ၁၂ ရက်နေ့) နံနက် ၁၁ နာရီဝန်းကျင်ကလည်း ပခုက္ကူမြို့၊မြို့ရှောင်လမ်းတွင်ယာယီစခန်းချနေသော အကြမ်းဖက်စစ်တပ်အား ကင်းပုန်းများ ထူထပ်စွာချထား
သည့်ကြားမှလက်ပစ်မိုင်းဖြင့်သွားရောက်ပစ်ခတ်ခဲ့ရာစစ်ကောင်စီတပ်မှ ၃ ဦးခွေးဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်းလည်းထုတ်ပြန်ထားသည်။ထိုအပြင် ယမန်နေ့ နေ့လယ် ၁နာရီခွဲ ခန့်ကလည်း စက်မှုဇုန် လမ်းပိုင်း၌ စစ်ကောင်စီ သတင်းပေး နေအိမ်အား လက်ပစ်မိုင်းဖြင့် သတိပေး ပစ်ခတ်ခဲ့ကြောင်းအဆိုပါခုခံတိုက်ခိုက်မှုများအား PKU N PDFနှင့်အတူ Southern YSO PDF အဖွဲ့နှင့် KING COBRA PDF အဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ​PKU N PDFက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook